Pages

Tuesday, May 28, 2013

သိန်းနီမြို့နယ်အတွင်း လက်နက် ခဲယမ်းများဖမ်းဆီးရမိ

သိမ်းဆည်းရမိသော မော်တော်ယာဉ် နှင့် လက်နက်/ ခဲယမ်း
ဆက်စပ် ပစ္စည်းများ
မော်တော်ယာဉ်အတွင်း သိမ်းဆည်းရမိသော လက်နက်/ ခဲယမ်း
ဆက်စပ် ပစ္စည်းများ

နေပြည်တော် ၊ ၂၈-၅-၂၀၁၃

ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးမြို့နယ် ဟိုပိတ်ကျေးရွာ အနီးရှိ အေးရှားဝေါလ် တိုးဂိတ်၌ တပ်မတော် နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်များ ပူးပေါင်း၍ နယ်မြေ လုံခြုံရေး ဆောင်ရွက်လျက် ရှိစဉ် မေလ ၂၇ ရက်နေ့ နံနက် ၂ နာရီ မိနစ် ၂၀ ခန့်က လားရှိုးမြို့မှ သိန်းနီမြို့ ဘက်သို့ မောင်းနှင် လာသော လိုင်စင်မဲ့ မတ်တူး အဖြူရောင် ယာဉ်အား မသင်္ကာသဖြင့် စစ်ဆေးရန် ရပ်တန့် စေရာ ယာဉ်မှာ ရပ်တန့် ပေးခြင်း မရှိဘဲ မောင်းနှင် ထွက်ပြေး၍ သိန်းနီ တပ်နယ် နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ တို့မှ ပူးပေါင်း အဖွဲ့ဖြင့် ပိတ်ဆို့ ရှာဖွေစဉ် နံနက် ၃ နာရီခွဲ တွင် သိန်းနီမြို့နယ် ၊ မိုင်းလီအုပ်စု ၊ နားဆော့ ကျေးရွာ ဘုန်းကြီးကျောင်း ရှေ့၌ ယာဉ်အား တွေ့ရှိခဲ့သည်။

အဆိုပါ ယာဉ်အား အသေးစိတ် ရှာဖွေခဲ့ရာ ယာဉ်နောက်ဖုံး အတွင်းမှ အမ်-၂၂ ခေါက်ဒင် (၁၁) လက် ၊ အမ်-၇၉ ( ၄၀)မမ ဗုံးပစ် လောင်ချာ (၃) လက် ၊ အမ်-၁၆ (၄) လက် ၊ အမ်-၂၂ (၃)လက် ၊ BERETTA ပစ္စတို (၁)လက် ပေါင်း (၂၂)လက် ၊ ကျည်အိမ် မျိုးစုံ (၃၀) ခု ၊ ကျည်မျိုးစုံ (၂၆၀၉) တောင့် တို့အား သိမ်းဆည်း ရမိခဲ့ပြီး ပတ်ဝန်းကျင် အား ဆက်လက် ရှာဖွေရာ ဘုန်းကြီးကျောင်း အနောက်ဘက် ချုံပုတ် အတွင်းမှ အမ်-၂၂ (၁၀)လက် နှင့် ၅ ဒသမ ၅၆ ကျည် (၁၃၀) တောင့် ထပ်မံ သိမ်းဆည်း ရမိ ခဲ့သဖြင့် စုစုပေါင်း လက်နက် (၃၂)လက် ၊ ကျည်မျိုးစုံ (၂၇၃၉) တောင့် သိမ်းဆည်း ရမိ ခဲ့သည်။


၎င်းဖြစ်စဉ်တွင် ထွက်ပြေး တိမ်းရှောင် နေသော တရားခံအား ဖမ်းဆီး ရမိရေး တပ်မတော် နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ များက ဆက်လက် စုံစမ်း ရှာဖွေ ဖော်ထုတ်လျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment