Pages

Friday, May 24, 2013

ခရီးသည်တင် မိုးယိုဘတ်စ်ကားများ အရေးယူမည်


ရန်ကုန် ၊ ၂၄-၅-၂၀၁၃

မော်တော်ယာဉ် လိုင်းပေါင်းစုံ ထိန်းသိမ်းရေး ကြီးကြပ်မှု ကော်မတီ နှင့် မီဒီယာများ တွေ့ဆုံပွဲ အခမ်းအနား ကို ယမန်နေ့ က မထသ (ဗဟို) အစည်းအဝေး ခန်းမ၌ ကျင်းပရာ မထသ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင် ၊ တာဝန်ရှိ သူများ နှင့် စာနယ်ဇင်း အသီးသီးမှ မီဒီယာများ တက်ရောက် ခဲ့ကြောင်း သိရသည်။

အခမ်းအနား တွင် မထသ (ဗဟို) ဥက္ကဋ္ဌ ဦးလှအောင် က ယခုအခါ မိုးရာသီ ရောက်ရှိ လာပြီ ဖြစ်သဖြင့် ခရီးသည်တင် ဘတ်စ်ကားများ အနေဖြင့် ဘရိတ် ၊ ၀ိုင်ဘာ ၊ မှန် ၊ အမိုး နှင့် မော်တော်ယာဉ် အောက်ပိုင်း ကြံ့ခိုင်မှု ကောင်းရန် အထူး လိုအပ်ကြောင်း ၊ အထက်ပါ ချို့ယွင်းချက် များကို လိုက်နာမှု မရှိသော မော်တော်ယာဉ် များကို ထိရောက်စွာ အရေးယူမည် ဖြစ်ကြောင်း ၊ ယင်းအပြင် ရန်ကုန်မြို့ တွင် လက်ရှိ ပြေးဆွဲလျက် ရှိသော ယာဉ်လိုင်း ၃၉၅ လိုင်းရှိရာ အချို့ လိုင်းများတွင် တစ်စီး ၊ နှစ်စီးဖြင့် ပြေးဆွဲလျက် ရှိသောကြောင့် ယာဉ်လိုင်း ဖောင်းပွ မရှိစေရန် အချို့ ယာဉ်လိုင်းများကို ပေါင်းစည်း၍ ပြေးဆွဲ စေမည် ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

၎င်းအပြင် CNG ကုဗပေ တစ်သန်းအတွက် ယာဉ်စီးရေ ၂၁၀ လျှောက်ထား ခဲ့ရာ အချို့မှာ ခွင့်ပြုချက် ကျနေပြီ ဖြစ်သဖြင့် လိုင်းကား စီးရေ နည်းပါးမှုကို အထိုက်အလျှောက် လျော့ပါး စေမည် ဖြစ်ကြောင်း ၊ ယာဉ်မောင်းများ ၊ ယာဉ်နောက်လိုက် များ စည်းကမ်း ဖောက်ဖျက်မှု များ ရှိပါက တိုင်ကြားနိုင် ပါကြောင်း ၊ ယခုအခါ Website ၊ ဖုန်း တို့ဖြင့် တိုင်ကြား လာမှုများကို လည်း အရေးယူလျက် ရှိပါကြောင်း ၊ ၄င်းအပြင် စီးပွားရေး တက္ကသိုလ် သို့ ခေါက်တို ပြေးဆွဲရန် ယာဉ် ၁၀ စီး တောင်းဆိုမှု ကိုလည်း သက်ဆိုင်ရာ သို့ တင်ပြထား ပါကြောင်း ပြောကြား ခဲ့သည်။ ထို့နောက် တက်ရောက် လာကြသော မီဒီယာ အသီးသီး ၏ မေးမြန်းချက် များကို ဖြေကြား ခဲ့ကြောင်း သိရသည်။


မီဒီယာ တစ်ဦး၏ မေးမြန်းချက် ဖြစ်သော ဘတ်စ်ကား အတွင်း မိုးယို၍ ထီးဆောင်းပြီး ကားစီး နေရကြောင်း မေးမြန်းချက် ကို ယခုအပတ် မှစ၍ ယာဉ်များ၏ ကြံ့ခိုင်မှု များကို စစ်ဆေး အရေးယူ သွားမည် ဖြစ်ကြောင်း ပြန်လည် ဖြေကြား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment