Pages

Thursday, May 23, 2013

ကမ်းနားလမ်းရှိ အခမဲ့ယာဉ်ရပ်နားနေရာ တည်ဆောက်မှု ၉၀ ရာခိုင်နှုန်းပြီးစီး


ရန်ကုန် ၊ ၂၃-၅-၂၀၁၃

ရန်ကုန်မြို့ တိုးချဲ့ ကမ်းနားလမ်း နှင့် လက်ရှိ ကမ်းနားလမ်း ဟောင်းတို့ ကြား ( အလုံ သစ်တောဝင်း မှတ်တိုင် မှ ဗိုလ်တထောင် မြို့နယ် ၊ ဗိုလ်တထောင်ဈေး လမ်းအထိ ) မြေပိုများ နေရာတွင် အခမဲ့ ယာဉ်ရပ်နား စခန်းများ ဖော်ထုတ် တည်ဆောက်လျက် ရှိရာ ယခုအခါ ၉၀ ရာခိုင်နှုန်းခန့် တည်ဆောက် ပြီးစီးပြီ ဖြစ်ကာ ကျန်ရှိသော နေရာများကို လည်း ဆက်လက် ဆောင်ရွက်လျက် ရှိကြောင်း ရန်ကုန် မြို့တော် စည်ပင် သာယာရေး ကော်မတီ မှ သိရသည်။

ကမ်းနားလမ်းသည် ရန်ကုန်မြို့၏ ကုန်စည် စီးဆင်းရာ အဓိကျသော စီးပွားရေး မဟာဗျူဟာ ကျသည့် လမ်းမကြီး ဖြစ်၍ ယာဉ်များ လွယ်ကူ လျင်မြန်စွာ သွားလာ နိုင်ရန်အတွက် ရည်ရွယ် ဆောင်ရွက် ခဲ့ခြင်း ဖြစ်သည်။ အခမဲ့ ယာဉ်ရပ်နား စခန်းများ ဖော်ထုတ်ခြင်း ဖြင့် ကမ်းနားလမ်း ကုန်စည် စီးဆင်းမှု နှင့် ယာဉ်သွားလာမှု ယခင်ထက် ပိုမို လျင်မြန်စွာ သွားရောက် နိုင်မည် ဖြစ်သည့် အပြင် ယင်းမြို့နယ် များရှိ ကိုယ်ပိုင်ယာဉ် များနှင့် အခြားသော ယာဉ်များ လွယ်ကူ အဆင်ပြေစွာ အခမဲ့ ရပ်နား နိုင်မည် ဖြစ်သည်။ အဆိုပါ အခမဲ့ ယာဉ်ရပ်နား စခန်းသည် ခရီးမိုင် အနေအထား အရ (၄)မိုင် နီးပါး ရှိ၍ ဆောင်ရွက်မှု ပြီးစီး ပါက ကိုယ်ပိုင်ယာဉ်ငယ် ၃၅၂၀ စီးခန့် ရပ်နား နိုင်မည် ဖြစ်သည်။


ယခုအခါ ကျန်ရှိနေသော အလုံမြို့နယ် သခင်မြ ပန်းခြံအနီး မြေကွက်နေရာ ၊ လသာမြို့နယ် ၊ စဉ့်အိုးတန်း ဆိပ်ကမ်းမြေ နေရာ ၊ ပန်းဆိုးတန်းလမ်း ၊ ဆူးလေဘုရားလမ်း ၊ ဗိုလ်အောင်ကျော်လမ်း စသည့် နေရာများတွင် မူလ လမ်းဟောင်း နှင့် ကွန်ကရစ် ယာဉ်ရပ်နား နေရာများ အား ကွာခြားမှု မရှိဘဲ တစ်ဆက်တည်း ဖြစ်စေရန် အတွက် ထပ်ပိုး ကတ္တရာ ခင်းခြင်း လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment