Pages

Friday, April 19, 2013

H7N9 ရောဂါပိုး ပထမဆုံး အကြိမ် ကူးစက်ခံရသူ ပေကျင်းမြို့မှ မိန်းကလေးငယ် ဆေးရုံမှ ဆင်းပြီ



ပေကျင်း ၊ ၁၈-၄-၂၀၁၃

တရုတ်နိုင်ငံမှ ယောင် အမည်ရှိ မိန်းကလေးငယ် တစ်ဦးသည် H7N9 ကြက်ငှက် တုတ်ကွေး ရောဂါပိုး ပထမဆုံး အကြိမ် ကူးစက် ခံရမှုကြောင့် ပေကျင်းမြို့ရှိ ပေကျင်း တီတန် ဆေးရုံတွင် တက်ရောက် ကုသခဲ့ပြီးနောက် ဧပြီလ ၁၇ ရက်တွင် ၄င်းဆေးရုံမှ ဆင်း၍ သူမ၏ နေအိမ်တွင် အနားယူလျက် ရှိကြောင်း သိရသည်။

ယောင် သည် ဆေးရုံတွင် ၆ ရက်ကြာ ဆေးကုသမှု ခံယူပြီးနောက် သူမ၏ ကိုယ်အပူချိန်မှာ ပုံမှန် အနေအထား ပြန်ရောက်ခဲ့ပြီး အသက်ရှူနှုန်း နှင့် သွေးလည်ပတ်မှု မှာလည်း တိုးတက် ကောင်းမွန် ခဲ့သည်ဟု သိရသည်။ သူမသည် H7N9 ရောဂါပိုး ပထမဆုံး အကြိမ် ကူးစက် ခံရသော ပေကျင်းမြို့မှ ပထမဆုံး ကလေးငယ် အဖြစ် ဆရာဝန်များက ဧပြီလ ၁၃ ရက်တွင် အတည်ပြု ခဲ့သည်။ သူမ၏ မိဘများတွင် ပုံမှန် မဟုတ်သော လက္ခဏာများ တွေ့ရှိ ရခြင်း မရှိသည့် အတွက် သူမ၏ မိဘများ အား ကျန်းမာရေး ဌာနက စောင့်ကြည့် လေ့လာ နေခြင်းကို ဧပြီလ ၁၇ ရက်နေ့က အဆုံးသတ် ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment