Pages

Wednesday, April 10, 2013

H7N9 ရောဂါပိုးသည် လူတစ်ဦးမှ အခြားလူများထံသို့ ကူးစက်ခြင်း မရှိကြောင်း WHO ပြောကြား



၁၀-၄-၂၀၁၃

တရုတ်နိုင်ငံတွင် ဖြစ်ပွားလျက် ရှိသည့် ကြက်ငှက် တုပ်ကွေး ရောဂါပိုး တစ်မျိုး ဖြစ်သော H7N9 ရောဂါပိုး သည် လူတစ်ဦးမှ အခြား သူများထံသို့ ကူစက်နိုင်သည့် လက္ခဏာ မရှိကြောင်း တရုတ် အမျိုးသား ကျန်းမာရေး နှင့် မိသားစု စီမံကိန်း ကော်မရှင်က ကျင်းပသည့် အစည်းအဝေး တွင် ကမ္ဘာ့ ကျန်းမာရေး အဖွဲ့ WHO မှ ကိုယ်စားလှယ် တစ်ဦး ဖြစ်သူ ဒေါက်တာ မိုက်ကယ် အိုလရီက ပြောကြား ခဲ့သည်။

တရုတ်နိုင်ငံတွင် အဆိုပါ ရောဂါပိုး ကူးစက် ခံရသူပေါင်း ၂၁ ဦးအား တွေ့ရှိခဲ့ပြီး ၄င်းတို့မှာ ရှန်ဟိုင်းမြို့ နှင့် နိုင်ငံ အရှေ့ပိုင်းရှိ ပြည်နယ် ၃ ခုမှ ဖြစ်ကြောင်း သိရသည်။ ထိုသို့ ကူးစက်ခံ ရမှုကြောင့် ရှန်ဟိုင်း မှ ၄ ဦး နှင့် စီချွမ် ပြည်နယ်မှ ၂ ဦး သေဆုံး ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ဒေါက်တာ မိုက်ကယ် အိုလာရီ ၏ ပြောကြားချက် အရ တရုတ်နိုင်ငံ အရှေ့ပိုင်း၌ မြစ်အတွင်း တွေ့ရှိရသော ၀က်အသေကောင် များနှင့် H7N9 ရောဂါပိုး မှာ ဆက်စပ်လျက် ရှိပြီး အချို့သော လူများသို့ ကူးစက်သည့် H7N9 ရောဂါပိုး သည် ရှန်ဟိုင်းမြို့ ရှိ ဟူဟွိုင် ဈေးတွင် ရောင်းချနေသည့် ခိုငှက်များ တွင် တွေ့ရှိရသော ဗိုင်းရပ်စ်ပိုး နှင့် ဆက်စပ်လျက် ရှိကြောင်း တွေ့ရှိရသော ကြောင့် အဆိုပါ ဗိုင်းရပ်စ်ပိုး သည် တိရစ္ဆာန် များမှ တစ်ဆင့် လူသားများ သို့ ကူးစက်သည် ကို ညွှန်ပြလျက် ရှိပြီး စုံစမ်း စစ်ဆေးမှု များအား ဆက်လက် လုပ်ဆောင် သွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment