Pages

Tuesday, April 23, 2013

မြန်မာနိုင်ငံအပေါ် အရေးယူ ပိတ်ဆို့မှုများအား ဥရောပသမဂ္ဂ EU က အပြီးတိုင်ဖယ်ရှား



လန်ဒန် ၊ ၂၂-၄-၂၀၁၃

မြန်မာနိုင်ငံ၏ နိုင်ငံရေး အသွင် ကူးပြောင်းမှု အပေါ် တုံ့ပြန်သည့် အနေဖြင့် မြန်မာနိုင်ငံ၏ ကုန်သွယ်မှု ၊ စီးပွားရေး နှင့် ပုဂ္ဂလိက တစ်ဦးချင်း အပေါ် ထားရှိသည့် အရေးယူ ပိတ်ဆို့မှု များအား နောက်ဆုံးတွင် လုံးဝ အပြီးတိုင် ဖယ်ရှား ပေးလိုက်ပြီ ဖြစ်ကြောင်း ဥရောပ သမဂ္ဂက ဧပြီလ ၂၂ ရက်နေ့ ညတွင် ထုတ်ပြန် ကြေညာခဲ့သည်။ ပြီးခဲ့သော နှစ်က မြန်မာနိုင်ငံ အပေါ် ထားရှိသည့် အရေးယူ ပိတ်ဆို့မှု များအား ယာယီ အားဖြင့်သာ ဖြေလျော့ ပေးခဲ့ခြင်း ဖြစ်ပြီး ယခုအချိန် တွင် အပြီးတိုင် ဖယ်ရှား ပေးခြင်း ဖြစ်ကြောင်း သိရသည်။ သို့သော်လည်း လက်နက် တင်သွင်းမှု ကိုမူ ဖြေလျော့ ပေးခြင်း မရှိသေးကြောင်း ဥရောပ သမဂ္ဂ နိုင်ငံခြားရေး ၀န်ကြီးများ အစည်းအဝေး တွင် ပြောကြား ခဲ့ကြောင်း သိရသည်။ ထို့အပြင် မြန်မာနိုင်ငံ အနေဖြင့် လူနည်းစု မွတ်စဆင် များနှင့် ပတ်သက်ပြီး သိသာ ထင်ရှားသော စိန်ခေါ်မှု များအား ရင်ဆိုင် နိုင်ရန် အတွက် ပြင်ဆင် ထားဖို့ လိုအပ်ကြောင်း ဥရောပ သမဂ္ဂ က သတိပေး ခဲ့သည်။

ယခုကဲ့သို့ EU အနေဖြင့် မြန်မာနိုင်ငံ အပေါ် အရေးယူ ပိတ်ဆို့မှု များ ဖယ်ရှား ပေးလိုက်ခြင်း သည် အချိန်စော လွန်းကြောင်း အာရှ လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့ခေါင်းဆောင် ဖီလ်ရောဘတ်ဆန် က ပြောကြား ခဲ့သည်။

သို့သော် မြန်မာနိုင်ငံ ၏ နိုင်ငံရေး ပြုပြင် ပြောင်းလဲမှု များသည် သိသိသာသာ တိုးတက် လာခဲ့သော ကြောင့် ယာယီ အရေးယူ ပိတ်ဆို့ ထားမှုများအား အပြီးတိုင် ဖယ်ရှားပေးရန် အချိန် ကျရောက်ပြီ ဖြစ်ကြောင်း ဗြိတိန် နိုင်ငံခြားရေး ၀န်ကြီး ၀ီလျ့ဟေ့ဂ် က ပြောကြားခဲ့သည်။

No comments:

Post a Comment