Pages

Thursday, April 4, 2013

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပမည့် ရေကူးပြိုင်ပွဲဝင်ရန် မြန်မာလူငယ် ရေကူးအသင်း ပြည်ပထွက်ခွာ


ရန်ကုန် ၊ ၄-၄-၂၀၁၃

မျိုးဆက်ပြတ်နေသော မြန်မာ့ ရေကူး အားကစား တဖန် ပြန်လည် ရှင်သန် လာစေရန် ရည်ရွယ်လျက် မြန်မာနိုင်ငံ ရေကူးအားကစား အဖွဲ့ချုပ်သည် အလားအလာ ရှိသော လူငယ် မျိုးဆက်သစ် ရေကူး အားကစား သမားများအား ပြုစု ပျိုးထောင်လျက်  အတွေ့အကြုံများ ရရှိစေရန် နိုင်ငံတကာ ရေကူးပြိုင်ပွဲ များသို့ စေလွှတ် ယှဉ်ပြိုင် စေလျက် ရှိသည်

ယမန်နေ့ နံနက် ၈ နာရီ ၂၀ မိနစ် အချိန်က မြန်မာ့ လေကြောင်းဖြင့် မြန်မာနိုင်ငံ ရေကူး အားကစား အဖွဲ့ချုပ် မှ အတွင်းရေးမှူး ဦးမျိုးဝဏ္ဏထွန်း နှင့် နည်းပြချုပ် Mr Kazushi Nakayama တို့ ဦးဆောင်သော လူငယ် အမျိုးသား ရေကူး အားကစား သမား ၂ ဦးနှင့် အမျိုးသမီး အားကစား သမား ၆ ဦးတို့ ပါဝင်သော ရေကူး အားကစား အဖွဲ့သည် ထိုင်းနိုင်ငံ ၊ ဘန်ကောက်မြို့တွင် ကျင်းပမည့် THAILAND NATIONAL AGE GROUP SWIMMING CHAMPIONSHIP 2013 ပြိုင်ပွဲသို့ ၀င်ရောက် ယှဉ်ပြိုင်ရန် ထွက်ခွာ သွားကြသည်။

အဆိုပါ ရေကူး အားကစား အဖွဲ့တွင် အားကစား သမားများ အဖြစ် မောင်နေအောင်လင်း ၊ မောင်အံ့ခေါင်ထွဋ် ၊ မကေဇင်ဝင်း ၊ မဆုမိုးသိမ့်စံ ၊ မခန့်ခန့်စုစံ ၊ မစံပယ်သင်း ၊ မအင်ကြင်း ကေခိုင် နှင့် မရွှန်းလဲ့ မော်ဦးတို့ လိုက်ပါ သွားကြကြောင်း သိရှိရသည်။

No comments:

Post a Comment