Pages

Monday, April 8, 2013

အမေရိကန် နိုင်ငံသည် ၄င်း၏ တိုက်ချင်းပစ် ဒုံးပျံအား စမ်းသပ် ပစ်လွှတ်ရေး အစီအစဉ်ကို ရွှေ့ဆိုင်းခဲ့ခြင်း



၈-၄-၂၀၁၃

အမေရိကန် နိုင်ငံသည် လာမည့် ရက်သတ္တပတ် အတွင်း၌ Minuteman 3 တိုက်ချင်းပစ် ပဲ့ထိန်းဒုံးပျံကို ကယ်လီဖိုးနီးယား ပြည်နယ်မှ စမ်းသပ် ပစ်လွှတ်ရေး အစီအစဉ်ကို ရွှေ့ဆိုင်း ခဲ့ကြောင်း ဧပြီလ ၇ ရက်နေ့ NEWS now သတင်းတစ်ပုဒ် အရ သိရသည်။

မြောက်ကိုရီးယား နိုင်ငံ အနေဖြင့် အဆိုပါ ဒုံးပျံကို ကြားဖြတ် တိုက်ခိုက် နိုင်ဖွယ် ရှိမှုကြောင့် အဆိုပါ ဒုံးပျံ စမ်းသပ်ရေး အစီအစဉ်ကို မေလ အထိ ရွှေ့ဆိုင်း ခဲ့ကြောင်း အမေရိကန် စစ်ဘက် အဆင့်မြင့် တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။ အမေရိကန် နိုင်ငံသည် အဆိုပါ ဒုံးပျံ စမ်းသပ်မှုကြောင့် တင်းမာမှုများ ပိုမို မြင့်မား လာဖွယ်ရှိမှု အခြေအနေ ကို ရှောင်းရှား လိုလျက် ရှိကြောင်းလည်း ၄င်းက ပြောကြား ခဲ့သည်။ မြောက်ကိုရီးယား နိုင်ငံသည် အမေရိကန် နိုင်ငံပိုင် ဂူအမ်ကျွန်း ကို တိုက်ခိုက် နိုင်သည့် ဒုံးပျံ ၂ စင်းကို ဧပြီလ ၅ ရက်နေ့တွင် ဒုံးလွှတ်စင် ပေါ်သို့ ရွှေ့ပြောင်း တပ်ဆင် ခဲ့ကြောင်း ၊ မြောက်ကိုရီးယား ရှိ နိုင်ငံခြား သံရုံးများကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းရေး ကြိုတင် စီစဉ်ထားရန် အကြံပြု ထားကြောင်း နှင့် မြောက်ကိုရီးယား ကြည်းတပ် သည် အမေရိကန် နိုင်ငံကို နျူကလီးယား လက်နက်ဖြင့် တိုက်ခိုက်ရေး အပါအ၀င် ပြင်းပြင်းထန်ထန် တိုက်ခိုက်ရေး ခွင့်ပြုချက် ရရှိထားကြောင်း သိရှိရသည်။

No comments:

Post a Comment