Pages

Wednesday, April 24, 2013

ဆော်ဒီအာရေးဗီးယား နိုင်ငံသည် တူရကီနိုင်ငံမှ စစ်လက်နက် ပစ္စည်းများ ၀ယ်ယူရန် စီစဉ်လျက်ရှိခြင်း



Altai Tanks
Anka UAV
၂၄-၄-၂၀၁၃

ဆော်ဒီ အာရေးဗီးယား နိုင်ငံသည် တူရကီနိုင်ငံ ထံမှ Anka မောင်းသူမဲ့ လေယာဉ် ( UAV ) များနှင့် Altai တင့်ကားများ ၀ယ်ယူသွားရန် စီစဉ်လျက် ရှိကြောင်း Sabah သတင်းစာ က ဧပြီလ ၂၂ ရက်နေ့တွင် ဖော်ပြ ခဲ့သည်ဟု သိရသည်။ အဆိုပါ တင့်ကားများ နှင့် မောင်းသူမဲ့ လေယာဉ်များ ၀ယ်ယူရေး အတွက် ဆော်ဒီ အာရေး ဗီးယား စစ်ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်ကြီး Huseyin Bin Abdellah AL Gobail သည် တူရကီနိုင်ငံ သို့ သွားရောက် လည်ပတ် ခဲ့ပြီး တူရကီ သမ္မတ အဗ္ဗဒူ လာဂေါ ၊ ၀န်ကြီးချုပ် ရီဆက်တေရစ် အာဒိုဂန် နှင့် တူရကီ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Necdet Ozer တို့နှင့် တွေ့ဆုံ ဆွေးနွေး ခဲ့ကြောင်း သိရသည်။

Anka UAV သည် အစ္စရေး နိုင်ငံ၏ Heron UAV ထက် စွမ်းပကား ပိုမို သာလွန်ကြောင်း နှင့် Heron UAV သည် အလေးချိန် ၁၈၅ ကီလိုဂရမ် ဖြင့် အမြင့်ပေ ၃၀၀၀၀ အထိ ပျံသန်း နိုင်စွမ်းရှိပြီး Anka UAV မှာ အလေးချိန် ၂၀၀ ကီလိုဂရမ် အထိ သယ်ဆောင်လျက် အမြင့်ပေ ၃၀၀၀၀ အထိ ပျံသန်း နိုင်စွမ်း ရှိကြောင်း သိရသည်။ ထို့အပြင် ဆော်ဒီ အာရေးဗီးယား နိုင်ငံသည် တူရကီ နိုင်ငံထံမှ အမေရိကန် ဒေါ်လာ ၂ ဘီလီယံ တန်ဖိုးရှိ သံချပ်ကာ ယာဉ်များ ၀ယ်ယူ သွားရန်လည်း စီစဉ်လျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment