Pages

Monday, April 22, 2013

မိုင်ယု ၁၀၅ မိုင်တွင် ကုန်တင်ယာဉ်များ စည်းကမ်းမဲ့စွာ လမ်းဘေးရပ်နား ညအိပ်နေ



မူဆယ် ၊ ၂၂-၄-၂၀၁၃

ရှမ်းပြည်နယ် (မြောက်ပိုင်း) မူဆယ်ခရိုင် ၊ မူဆယ်မြို့နယ် မိုင်ယု ၁၀၅ မိုင်တွင် ကုန်တင်ယာဉ်များ စည်းကမ်းမဲ့ စွာ လမ်းဘေး ရပ်နား ညအိပ်လျက် ရှိကြောင်း သိရသည်။ အဆိုပါ မိုင်ယု ၁၀၅ မိုင်တွင် ကုန်တင်ယာဉ် များ စည်းကမ်းမဲ့စွာ လမ်းဘေး ရပ်နား ညအိပ် နေခြင်းကြောင့် မဖြစ်ပွား သင့်သော ပြစ်မှုများ ဖြစ်ပွားလျက် ရှိကြောင်းလည်း သိရသည်။ လွန်ခဲ့သည့် မတ်လ ၂၈ ရက်နေ့ မနက် ၃ နာရီတွင် ၀န်ထမ်း ဟန်ဆောင်သော ပုဂ္ဂိုလ် တစ်ဦးမှ ညအိပ် ရပ်နားခ လိုက်လံ လိမ်ညာ ကောက်ခံခြင်း ကြောင့် ဓားထိုးမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။ ယင်း ကိစ္စနှင့် ပတ်သက်၍ မူဆယ် ရဲစခန်းမှ ပြစ်မှု ကျူးလွန်သူအား ဖမ်းဆီး အရေးယူ ထားကြောင်း လည်း သိရသည်။

မိုင်ယု ၁၀၅ မိုင် ယာဉ်ရပ်နား ၂ ကွင်းမှ တာဝန်ခံ ဖြစ်သူက " ကျွန်တော်တို့ ယာဉ်ရပ်နား ကွင်းကို လုံခြုံရေး အပြည့်အ၀ ရှိပြီး တည်းခိုဆောင် ၊ ရေချိုးခန်း ၊ သန့်စင်ခန်း အပြည့်အစုံ ထားရှိပေး လျက်သားနဲ့ ကုန်တင်ယာဉ်တွေ ၀င်မရပ် နားပါဘူး ၊ တစ်ည ၀င်ရပ်နား မှ ကျပ် ၂၀၀၀ ပဲ ကုန်တာပါ ၊ ပြီးတော့ ကားဝင်း ထဲမှာ လုံခြုံမှု ရှိတယ် ၊ လုံခြုံရေး ကင်းစောင့် ရှိတယ် ၊ စားသောက်ဆိုင် ရှိတယ် ၊ တည်းခိုဆောင် အပြည့်အ၀ ရှိပါတယ် ၊ ဒါတွေ ရှိရဲ့သားနဲ့ လမ်းဘေးမှာပဲ စည်းကမ်းမဲ့စွာ ရပ်နား ညအိမ်တော့ အခုလို ပြစ်မှုတွေ ဖြစ်ပွား စေပါတယ် ၊ ဒီကိစ္စကို မူဆယ် မြို့နယ် စည်ပင် ထိန်းသိမ်းရေး နဲ့ မော်တော်ယာဉ် ထိန်းသိမ်းရေး မှ ယာဉ်စည်းကမ်း ၊ လမ်းစည်းကမ်း ထိထိရောက်ရောက် နဲ့ ဆောင်ရွက် ပေးစေချင်တယ် ..... " ဟု ပြောခဲ့သည်။

မိုင်ယု ၁၀၅ မိုင်တွင် ကုန်တင်ယာဉ် များ စည်းကမ်းမဲ့စွာ လမ်းဘေး ရပ်နား ညအိမ် နေခြင်းကြောင့် လမ်းပိတ်ဆို့ခြင်း ၊ လုံခြုံ စိတ်ချရမှု မရှိခြင်း ကြောင့် ပြစ်မှုများ ဖြစ်ပွားလျက် ရှိခြင်း နှင့် ထိထိရောက်ရောက် အရေးယူ ဆောင်ရွက်ခြင်း မရှိကြောင်း မိုင်ယု ၁၀၅ မိုင် ဒေသခံ များ၏ ပြောပြချက် အရ သိရှိရသည်။

No comments:

Post a Comment