Pages

Monday, April 1, 2013

လမ်းဘေး၌ ရပ်ထားသော ကားအား ဆိုင်ကယ်ဖြင့် ၀င်တိုက်၍သေဆုံး



မော်လမြိုင် ၊ ၁-၄-၂၀၁၃

မွန်ပြည်နယ် ၊ မော်လမြိုင်မြို့ ၊ ပန်းဘဲတန်း ရပ်ကွက် ၊ ကမ်းနားလမ်း ၊ အုန်းတော ၃ လမ်းထိပ်တွင် မတ်လ ၃၁ ရက်နေ့ မွန်းလွဲ ၂ နာရီခွဲ အချိန်က ပန်းဘဲတန်း ရပ်ကွက်နေ ဦးခင်မောင်လွင် မောင်းနှင်သော နီဆန်း အမျိုးအစား အဖြူရောင် လ/၉၅၉၃ ကားသည် ကမ်းနားလမ်း ယာဘက် ယာဉ်ကြောမှ မြောက်ဘက်သို့ ခေါင်းပြူပြီး ရပ်လျက် ကားအား ပြုပြင်နေစဉ် ကမ်းနားလမ်း အတိုင်း တောင်မှ မြောက်သို့ ဇေယျာချစ်ဆွေ (၂၆)နှစ် (ဘ) ဦးချစ်ဆွေ ၊ ဘိုကုန်း ရပ်ကွက်နေသူ မောင်းနှင် လာသော Dream အမျိုးအစား အစိမ်းရောင် ၁၃ယ/ ၅၉၂၇၃ ဆိုင်ကယ်မှ ရပ်ပြီး ပြုပြင်နေသည့် ကားအား နောက်ဘက်ခြမ်း သို့ ၀င်ရောက် တိုက်ခိုက်မိ ခဲ့ကြောင်း သိရသည်။ ဆိုင်ကယ် မောင်းနှင်လာသူ ဇေယျာချစ်ဆွေ မှာ အခင်း ဖြစ်နေရာ၌ ပွဲချင်းပြီး သေဆုံးသွားသည်။ ဖြစ်စဉ် နှင့် ပတ်သက်၍ မြို့မရဲစခန်း မှ ယာဉ်မဆင်မခြင် မောင်းနှင်ပြီး သေဆုံးသွားသူ ဇေယျာ ချစ်ဆွေ အပေါ် (ပ) သတင်းချက် အမှတ် ၊ ၂/၂၀၀၃ ပြစ်မှု ပုဒ်မ ၃၀၄-က အရ အမှုဖွင့် အရေးယူ ထားကြောင်း သိရှိရသည်။

No comments:

Post a Comment