Pages

▼

Monday, April 8, 2013

အိန္ဒိယနိုင်ငံ သည် နျူကလီးယား ထိပ်ဖူး သယ်ဆောင်နိုင်စွမ်းရှိသည့် Agni II တာလတ်ပစ် ဒုံးပျံကို အောင်မြင်စွာ စမ်းသပ် ပစ်လွှတ်ခဲ့ခြင်း




၈-၄-၂၀၁၃

အိန္ဒိယနိုင်ငံ သည် တာဝေး ကီလိုမီတာ ၂၀၀၀ ( ၁၂၄၃ မိုင်) ကျော်အထိ ပစ်ခတ် တိုက်ခိုက် နိုင်သော နျူကလီးယား ထိပ်ဖူး သယ်ဆောင် နိုင်စွမ်း ရှိသည့် မြေပြင်မှ မြေပြင်ပစ် တာလတ်ပစ် Agni II ဒုံးပျံကို ဧပြီလ ၇ ရက်နေ့ နံနက် ၁၀ နာရီ မိနစ် ၂၀ အချိန်က သြရိဿ ကမ်းလွန် ၊ ၀ီလာကျွန်း ရှိ ဘက်စုံ စမ်းသပ်ရေး စခန်းမှ အောင်မြင်စွာ စမ်းသပ် ပစ်လွှတ် ခဲ့ကြောင်း အိန္ဒိယ စစ်ဘက် တာဝန်ရှိ သူများက ပြောကြား ခဲ့သည်ဟု NEWS now သတင်း တစ်ပုဒ်အရ သိရသည်။

အဆိုပါ Agni II တာလတ်ပစ် ပဲ့ထိန်းဒုံးပျံ ကို တပ်တော်သွင်း ခဲ့ပြီး ဖြစ်ကြောင်း နှင့် ယနေ့ ပြုလုပ်သည့် စမ်းသပ် ပစ်လွတ်မှု ကို ကာကွယ်ရေး ဆိုင်ရာ သုတေသန နှင့် ဖွံ့ဖြိုး တိုးတက်ရေး အဖွဲ့ DRDO က ပံ့ပိုး ကူညီမှုဖြင့် ပြုလုပ်သော လေ့ကျင့်ခန်း တစ်ရပ် ၏ တစ်စိတ် တစ်ဒေသ အဖြစ် ကြည်းတပ်ရှိ မဟာဗျူဟာ တပ်ဖွဲ့ ကွပ်ကဲမှု ဌာနချုပ် က ပြုလုပ် ခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ စစ်ဘက် တာဝန်ရှိသူ များက ပြောကြား ခဲ့သည်။ Agni II ဒုံးပျံသည် အလျား မီတာ ၂၀ ၊ အလေးချိန် ၁၇ တန် ရှိပြီး ကီလိုမီတာ ၁၀၀၀ အလေးချိန်ရှိ ထိပ်ဖူး တစ်ခုကို သယ်ဆောင်လျက် တာဝေး ကီလိုမီတာ ၂၀၀၀ (၁၂၄၃ မိုင်) အကွာအဝေး အထိ ပစ်လွှတ် တိုက်ခိုက် နိုင်စွမ်း ရှိကြောင်း နှင့် Agni II အား နောက်ဆုံး အကြိမ် စမ်းသပ် ပစ်လွှတ်မှု ကို ၂၀၁၂ ခုနှစ် ၊ သြဂုတ်လ ၉ ရက်နေ့တွင် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment