Pages

Tuesday, March 12, 2013

ဒေသဖွံ့ဖြိုးရေးအတွက် Thai Pineapple Canning Industry Corp Ltd မှ မွန်ပြည်နယ် အစိုးရအား တွေ့ဆုံ


မော်လမြိုင် ၊ ၁၂-၃-၂၀၁၃

မွန်ပြည်နယ် ၊ မော်လမြိုင်မြို့ အစိုးရအဖွဲ့ရုံး ဧည့်ခန်းမ၌ ဒေသဖွံ့ဖြိုး တိုးတက်ရေး အတွက် ထိုင်းနိုင်ငံ Thai Pineapple Canning Industry Corp Ltd မှ မွန်ပြည်နယ် အစိုးရအဖွဲ့ အား မတ်လ ၁၁ ရက်နေ့ နံနက် ၈ နာရီခွဲ အချိန်က တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း သိရသည်။

တွေ့ဆုံ ဆွေးနွေးပွဲတွင် Ms. Jinny Tantipipatpong မှ မိမိတို့ Thai Pineapple Canning Industry Corp Ltd အနေဖြင့် ထိုင်းနိုင်ငံတွင် အခြေစိုက်ပြီး ကမ္ဘာဒေသ အနှံ့အပြား တွင် ဆူပါမားကက် များရှိ၍ ဈေးကွက် ခိုင်မာမှု ရှိကြောင်း ၊ ရင်းနှီး မြှုပ်နှံမှု ၊ နည်းပညာ တို့တွင်လည်း ကောင်းမွန်သော အဆင့်တွင် ရှိကြောင်း ၊ မိမိတို့ အနေဖြင့် မွန်ပြည်နယ် ၏ စိုက်ပျိုးရေး ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေး အတွက် နာနတ်သီး စိုက်ပျိုးရေး နှင့် စက်ရုံများ ဆောက်လုပ်ကာ နာနတ် ကုန်ချောပစ္စည်းများ ထုတ်လုပ်လို ပါကြောင်း ၊ ၄င်းတို့၏ အရည်အသွေး ၊ ပမာဏ တိုးမြှင့် ထုတ်လုပ်ရန် အတွက် မွန်ပြည်နယ်မှာ မြေဆီလွှာ ၊ ရာသီဥတု ကောင်းမွန်ခြင်း တို့ကြောင့် နာနတ်သီး စိုက်ပျိုးရန် သင့်တော်ကြောင်း ၊ နာနတ်သီး များကို ကြာရှည်ခံအောင် ပြုလုပ်၍ စည်သွတ်ဗူးများ ထည့်ကာ ကမ္ဘာအနှံ့ တင်ပို့ရန် ရည်မှန်းချက် ထားပါကြောင်း ဆွေးနွေး ခဲ့သည်။ မွန်ပြည်နယ် ၀န်ကြီးချုပ် မှ ဒေသဖွံ့ဖြိုးရေး အတွက် စိတ်ပါဝင်စားမှု အား မိမိအနေဖြင့် ၀မ်းမြောက်စွာ ကြိုဆို ပါကြောင်း ၊ မိမိတို့ ပြည်နယ် အနေဖြင့် ရာဘာကိုသာ အဓိကထား စိုက်ပျိုးလျက် ရှိရာ ရာဘာကုန်ချော ထုတ်လုပ်နိုင်မည့် စက်ရုံများ လိုအပ်လျက် ရှိသဖြင့် စိတ်ဝင်စား မှုရှိပါက ဆောင်ရွက်ရန် တိုက်တွန်း ပါကြောင်း ပြောကြားသည်။ ယင်းနောက် Ms. Jinny Tantipipapong က မိမိတို့ Thai Pineapple Canning Industry Corp Ltd  အနေဖြင့် စားသောက်ကုန် လုပ်ငန်းကိုသာ အဓိကထား ထုတ်လုပ် လိုကြောင်း နှင့် တိုးပွားလာသော လူဦးရေ အတွက် လူတိုင်း စားနပ် ရိက္ခာဖူလုံ ရန်မှာ ပိုမို အဓိက ကျကြောင်း ပြောကြားခဲ့သည်။

အဆိုပါ ဆွေးနွေးပွဲသို့ မွန်ပြည်နယ် ၀န်ကြီးချုပ် ဦးအုန်းမြင့် နှင့် အစိုးရ အဖွဲ့ဝင် ၀န်ကြီးများ ၊ ပြည်နယ် အစိုးရအဖွဲ့ဝင် အတွင်းရေးမှူး ဦးဇော်လင်းထွန်း ၊ စက်မှုသီးနှံ ဖွံ့ဖြိုးရေး ဦးစီးဌာန ၊ ညွှန်ကြားရေးမှူး ဦးစန်းအောင် ၊ Thai Pincapple Canning Industry Corp Ltd မှ Ms. Jinny Tantipipatpong ပါ အဖွဲ့ဝင် ၆ ဦးတို့ တက်ရောက် ကြကြောင်း သိရသည်။

No comments:

Post a Comment