Pages

Thursday, March 21, 2013

Risk Assessment Training သင်တန်းဖွင့်မည်


ရန်ကုန် ၊ ၂၁-၃-၂၀၁၃

မြန်မာနိုင်ငံ၏ ပြောင်းလဲ တိုးတက်နေသော လုပ်ငန်းခွင် များအတွက် ဘေးအန္တရာယ် ကင်းရှင်းသော လုပ်ငန်းခွင် ဖြစ်စေရန် Global Enchanting Education Centre နှင့် အလုပ်သမား အလုပ်အကိုင် နှင့် လူမှုဖူလုံရေး ၀န်ကြီးဌာန ၊ အလုပ်ရုံ နှင့် အလုပ်သမား ဥပဒေ စစ်ဆေးရေး ဦးစီးဌာနတို့ ပူးပေါင်း ဖွင့်လှစ်မည့် Risk Assessment Training သင်တန်း ကို လာမည့် မတ်လ ၂၈ ရက်နှင့် ၂၉ ရက်များတွင် ဖွင့်လှစ် သင်ကြား ပေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် ဘေးအန္တရာယ် ဖြစ်နိုင်ချေ ရှိမှုနှင့် ဘေးအန္တရာယ် ကင်းရှင်းမှု အကဲဖြတ်ခြင်း များ ၊ ဘေးအန္တရာယ် အမျိုးအစား ခွဲခြားခြင်း နှင့် ထိန်းချုပ်ခြင်း ၊ ဘေးအန္တရာယ် ဖြစ်နိုင်ချေ ရှိမှု ထိန်းချုပ်ခြင်း ၊ ထိခိုက်မှု များကို စုံစမ်း စစ်ဆေးခြင်း နှင့် နည်းစဉ်များ အပြင် ဖြစ်ခဲ့ပြီးသော ဘေးအန္တရာယ် များအား လေ့လာ သုံးသပ်ခြင်း နှင့် ဆွေးနွေးခြင်း များကို စင်ကာပူ နိုင်ငံ၏ စံချိန် စံညွှန်းများ နှင့်အညီ မြန်မာနိုင်ငံ အတွက် သင့်တော်သော အခြေအနေ များကို စာတွေ့ နှင့် လက်တွေ့ ပေါင်းစပ် သင်ကြား ပေးမည် ဖြစ်သည်။

ယင်းသင်တန်း တက်ရောက်ခြင်း အားဖြင့် ဘေးအန္တရာယ် ကျရောက်မှု များကို လျော့ချနိုင်ပြီး သာယာ စိုပြေသော လုပ်ငန်းခွင်ကို တည်ဆောက် နိုင်၍ ထုတ်လုပ်မှု စွမ်းအားများ တိုးတက် မြင့်မား လာမည် ဖြစ်သည်။ သင်တန်းနှင့် ပတ်သက်သော အချက်အလက် များအား အသေးစိတ် သိရှိလို ပါက Global Enchanting Education Centre ဖုန်း ၀၁- ၂၃၀ ၅၅၃၄ ၊ ၀၉- ၅၁၈ ၁၃၁၆ နှင့် ၀၉- ၇၃၁၂ ၇၀၇၄ တို့သို့ ဆက်သွယ် မေးမြန်း နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment