Pages

Wednesday, March 20, 2013

NATO စစ်လက်နက် ပစ္စည်းတင်ယာဉ်များ ဖြတ်သန်းခွင့် ကာဂျစ္စတန်အစိုးရ သဘောတူညီ


၂၀-၃-၂၀၁၃

ကာဂျစ္စတန် အစိုးရသည် နိုင်ငံတကာ လုံခြုံမှု အထောက်အကူပြု တပ်ဖွဲ့ ( ISAF ) ၏ စစ်လက်နက် ပစ္စည်းတင် ယာဉ်များအား ရထားလမ်း နှင့် ကားလမ်းမှ တစ်ဆင့် နိုင်ငံပိုင်နက် နယ်မြေ အတွင်းမှ ဖြတ်သန်း သွားလာခွင့်ကို သဘောတူ အတည်ပြု လိုက်ကြောင်း မတ်လ ၁၉ ရက်နေ့ NEWS now သတင်းတစ်ပုဒ် အရ သိရသည်။

အဆိုပါ သဘောတူညီချက် အရ NATO တပ်ဖွဲ့သည် ISAF ၏ စစ်လက်နက် ပစ္စည်းတင် ယာဉ်များကို အာဖဂန် - တာဂျစ် ကစ္စတန် - ကာဂျစ္စတန် - ကာဇက်စတန် လမ်းကြောင်း အတိုင်း ဖြတ်သန်း သွားလာရန် စီစဉ် ထားကြောင်း သိရသည်။ အဆိုပါ သဘောတူညီချက် နှင့် ပတ်သက်သည့် ဥပဒေ မူကြမ်းကို မကြာမီ ကာဂျစ္စတန် ပါလီမန် ထံသို့ တင်သွား သွားမည် ဖြစ်သည်။ ၂၀၁၁ ခုနှစ် နိုဝင်ဘာလ တွင် အမေရိကန် တပ်ဖွဲ့ဝင် များက ပါကစ္စတန် တပ်ဖွဲ့ဝင် ၂၆ ဦးကို မှားယွင်း တိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး နောက် အတိုဆုံး လမ်းကြောင်း ဖြစ်သည့် အာဖဂန် မှ ပါကစ္စတန် သို့ ဖြတ်သန်း သွားသည့် လမ်းကြောင်း မှာ ပိတ်သိမ်း သွားခဲ့ရသည်။ သို့ရာတွင် နောက်ပိုင်း၌ ပါကစ္စတန် နိုင်ငံက လမ်းကြောင်း အသုံးပြုခ အဖြစ် စစ်နက်လက် ပစ္စည်းတင် ယာဉ်တစ်စီးလျှင် အမေရိကန် ဒေါ်လာ ၂၅၀ မှ ၅၀၀၀ အထိ တိုးမြှင့် တောင်းခံ၍ လမ်းကြောင်း ဖွင့်ပေးရန် သဘောတူညီ ခဲ့ခြင်း ဖြစ်သည်။

ထို့ကြောင့် NATO တပ်ဖွဲ့သည် အာဖဂန် မှ စစ်လက်နက် ပစ္စည်းများ ရုပ်သိမ်းရန် အတွက် ကာဇက်စတန် ၊ ကာဂျစ္စတန် နှင့် ဥဇဘက် ကစ္စတန် နိုင်ငံတို့နှင့် အတူ ၄င်းတို့၏ ပိုင်နက် နယ်မြေ များကို အသုံးပြုခွင့် ရရှိရေး သဘော တူညီချက်များ ချမှတ် ခဲ့ရကြောင်း သိရှိရသည်။

No comments:

Post a Comment