မော်လမြိုင် ၊ ၁၈-၃-၂၀၁၃
မွန်ပြည်နယ် ၊ ကျိုက်မရော မြို့နယ်
၊ ရေတွင်းကုန်း ကျေးရွာ ၊ မိုင်တိုင် အမှတ် (၁၀/၁) နှင့် (၁၀/၂) အကြားတွင် မတ်လ ၁၆
ရက်နေ့ နံနက် ၇ နာရီ အချိန်ခန့်က ကျိုက်မရော မြို့နယ် ၊ ရေတွင်းကုန်း ကျေးရွာ မော်လမြိုင်
- ကျိုက်မရော ကားလမ်းတွင် မော်လမြိုင် ဘက်မှ ကျိုက်မရော မြို့သို့ အမျိုးသား တစ်ဦး
မောင်းနှင်ပြီး နောက်မှ အမျိုးသမီး တစ်ဦး လိုက်ပါ စီးနင်း လာသော ၂၈ယ/၈၈၃၅၂ Alpha
Wave 100 အမျိုးအစား အဖြူရောင် ဆိုင်ကယ် နှင့် ကျိုက်မရော ဘက်မှ မော်လမြိုင် ဘက်သို့
ယာဉ်မောင်း ဦးမဲရောင် မောင်းနှင်ပြီး နောက်မှ ဦးကျော်လွင် လိုက်ပါ စီးနင်း လာသော
၅ယ/ ၇၁၉၄၇ Honda Dream 125 အမျိုးအစား အစိမ်းရောင် ဆိုင်ကယ်တို့ မျက်နှာချင်းဆိုင်
တိုက်မိခဲ့ပြီး ၂၈ယ/ ၈၈၃၅၂ ဆိုင်ကယ်အား မောင်းနှင်သူ အမျိုးသား နှင့် နောက်ပါ အမျိုးသမီး
တို့ အခင်း ဖြစ်ပွားရာ နေရာတွင် ပွဲချင်းပြီး သေဆုံးခဲ့ပြီး ၅ယ/ ၇၁၉၄၇ ဆိုင်ကယ် နောက်မှ
လိုက်ပါသူ ဥိးကျော်လွင်မှာ ယာလက်ခုံ ပွန်းပဲ့ ဒဏ်ရာ ၊ ၀ဲပါး ပွန်းပဲ့ ဒဏ်ရာ ၊ ၀ဲ/ယာ
ဒူး ပွန်းပဲ့ ဒဏ်ရာ (မစိုးရိမ်ရ) ရရှိခဲ့ သဖြင့် ဆိုင်ကယ်အား မဆင်မခြင် မောင်းနှင်သူ
ဦးမဲရောင် နှင့် အမည်မသိ အမျိုးသား (သေဆုံး) တို့အား ကျိုက်မရော ရဲစခန်းမှ (ပ) သတင်းချက်
အမှတ် ၊ ၅/၂၀၁၃ ပြစ်မှု ဆိုင်ရာ ဥပဒေ ပုဒ်မ ၃၀၄(က) ၊ ၃၃၇ ၊ ၃၃၈ အရ အမှုဖွင့် အရေးယူ ထားကြောင်း
သိရှိရသည်။
No comments:
Post a Comment