Pages

Saturday, March 9, 2013

မြို့အလှကို ဖျက်ဆီးနေသူများ ရှာဖွေဖော်ထုတ်သင့်


မြစ်ကြီးနား ၊ ၉-၃-၂၀၁၃

ကချင်ပြည်နယ် ၊ မြစ်ကြီးနား မြို့သည် ကချင်ပြည်နယ်၏ မြို့တော် ဖြစ်ပြီး မြို့အင်္ဂါရပ်နှင့် ညီညွတ်စရေန် ပြည်နယ် အစိုးရ အဖွဲ့နှင့် သက်ဆိုင်ရာ ဌာနများက ဒေသခံ ပြည်သူနှင့် ပူးပေါင်းကာ မြို့ပြ သာယာ လှပရေးကို ဆောင်ရွက်လျက် ရှိသကဲ့သို့ ထိုလှပမှုကို အကျည်းတန် စေသော ဖျက်ဆီးမှု ပြုမူနေသူ များလည်း ရှိသဖြင့် နီးစပ်ရာ ဒေသခံ ပြည်သူများ နှင့် တာဝန်ရှိ သူများ က ရှာဖွေ ဖော်ထုတ် သင့်သည်။

ယခုကဲ့သို့ မြို့အလှကို ဖျက်ဆီးခံ ရမှုမှာ မြို့သစ် ရပ်ကွက် ၊ ပြည်ထောင်စု လမ်းမကြီး နှင့် ဆွမ်ဘရာဘွမ် လမ်းဆုံထောင့်ရှိ အများပြည်သူ ထင်သာမြင်သာ ရှိသည့် အမြင့် ၅ ပေခန့် အုတ်တံတိုင်း အဖြူရောင် တွင် အနက်ရောင် စပရေး မှုတ်ဆေးဘူး ဖြင့် ကြောင်တောင်တောင် နိုင်လှသည့် အင်္ဂလိပ် စာလုံးများကို ပန်းမှုတ် ထားပြီး နိုင်ငံတကာ မှ ကမ္ဘာလှည့် ခရီးသွားများ မြင်လျှင် ထိုမြင်ကွင်း အတွက် ရှက်ဖွယ် အလွန် ကောင်းလှ သည်။

အလားတူ အမှတ်(၁) အခြေခံ ပညာ အထက်တန်းကျောင်း ကြီး၏ အုတ်တံတိုင်း တွင်လည်း မြို့အလှ နှင့် ကျောင်း၏ ဂုဏ်သိက္ခာ ကို ကျဆင်းစေရန် အဖျက်စိတ် ထားဖြင့် ဆေးမှုတ်ခြင်းများ ရှိပြီး တာဝန်ရှိ သူများနှင့် ဒေသခံ ပြည်သူများ ရှာဖွေ ဖော်ထုတ် သင့်ကြောင်း ရေးသား ဖော်ပြအပ် ပါသည်။

ကိုမေတ္တာ (မြစ်ကြီးနား)

No comments:

Post a Comment