Pages

Saturday, March 30, 2013

အိန္ဒိယစီးပွားရေး လုပ်ငန်းရှင်များ နှင့် မြန်မာစီးပွားရေး လုပ်ငန်းရှင်များ အကျိုးတူ ပူးပေါင်းဆောင်ရန် တွေ့ဆုံ ဆွေးနွေးမည်

ရန်ကုန် ၊ ၃၀-၃-၂၀၁၃

အိန္ဒိယနိုင်ငံ Calculatta Chamber of Commerce မှ Secertary General , Dr. T. Roy ဦးဆောင်သည့် စီးပွားရေး လုပ်ငန်းရှင် ၁၇ ဦး ပါဝင်သော ကိုယ်စားလှယ် အဖွဲ့သည် ၂၀၁၃ ခုနှစ် ဧပြီလ ၁ ရက်မှ ၅ ရက်နေ့ အထိ မြန်မာနိုင်ငံ သို့ လာရောက်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ကိုယ်စားလှယ် အဖွဲ့သည် ခရီးစဉ် အတွင်း အထည်အလိပ် လုပ်ငန်း ၊ အကြီးစား ဆောက်လုပ်ရေး လုပ်ငန်း ၊ အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်း ၊ လျှပ်စစ် ပစ္စည်း လုပ်ငန်း ၊ လက်ဖက် လုပ်ငန်း နှင့် စိုက်ပျိုးရေး လုပ်ငန်း ၊ သစ်လုပ်ငန်း ၊ စက္ကူလုပ်ငန်း ၊ သတ္ထုလုပ်ငန်း ၊ စွမ်းအင် လုပ်ငန်း ၊ စတီးလုပ်ငန်း ၊ ဂုန်လျှော်လုပ်ငန်း ၊ ဘဏ္ဍာရေး လုပ်ငန်း နှင့် ခရီးသွား လုပ်ငန်း အစရှိသော လုပ်ငန်းများ ကို မြန်မာ စီးပွားရေး လုပ်ငန်းရှင် များနှင့် အကျိုးတူ ပူးပေါင်း ဆောင်ရွက် နိုင်ရန် အတွက် ရန်ကုန်မြို့ ၊ မင်းရဲကျော်စွာ လမ်းရှိ ကုန်သည် စက်မှု အသင်းချုပ် ၊ မင်္ဂလာခန်းမ ၌ ဧပြီလ ၄ ရက်နေ့ တွင် တွေ့ဆုံ ဆွေးနွေး ကြမည် ဖြစ်သည်။

မြန်မာ စီးပွားရေး လုပ်ငန်းရှင် များသည် အဆိုပါ စီးပွားရေး ဆိုင်ရာ တွေ့ဆုံ ဆွေးနွေးပွဲသို့ တက်ရောက် ဆွေးနွေး နိုင်ရန် နှင့် တက်ရောက်မည့် စီးပွားရေး လုပ်ငန်းရှင်များ အနေဖြင့် သတ်မှတ် ပုံစံများ ဖြည့်စွက်၍ ကုန်သည် စက်မှု အသင်းချုပ် သို့ ဧပြီလ ၂ ရက်နေ့ အရောက် စာရင်း ပေးပို့ ကြရမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment