Pages

Friday, March 22, 2013

ဘင်္ဂလားဒေ့ရှ် သမ္မတ ဇီလာရာမန် ကွယ်လွန်


ဘင်္ဂလားဒေ့ရှ် သမ္မတ ဇီလာရာမန်
၂၂-၃-၂၀၁၃

အသက် ၈၄ နှစ်အရွယ်ရှိ ဘင်္ဂလားဒေ့ရှ် သမ္မတ ဇီလာရာမန် သည် မတ်လ ၂၀ ရက်နေ့တွင် စင်ကာပူ နိုင်ငံ Mount Elizabeth ဆေးရုံ၌ ကွယ်လွန် သွားခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်း တစ်ပုဒ်အရ သိရသည်။ သမ္မတ ရာမန် သည် ၂၀၀၉ ခုနှစ်တွင် ပါလီမန် က ၄င်းအား သမ္မတအဖြစ် ရွေးချယ် မခန့်အပ်မီ အာဏာရ အ၀ါမီလိဂ် ပါတီ ခေါင်းဆောင် အဖြစ် တာဝန် ထမ်းဆောင် ခဲ့သည်။ ရာမန် သည် အသက်ရှူ လမ်းကြောင်း ဆိုင်ရာ ရောဂါအား ကုသရေး အတွက် မတ်လ ၁၀ ရက်နေ့တွင် အဆိုပါ စင်ကာပူ ဆေးရုံသို့ တက်ရောက် ခဲ့ခြင်း ဖြစ်ကြောင်း နှင့် ၄င်း၏ ရုပ်အလောင်း ကို မတ်လ ၂၁ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ပြန်လည် ယူဆောင် ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ် သမ္မတရုံးက ပြောကြား ခဲ့သည်။

ဘင်္ဂလားဒေ့ရှ် အစိုးရသည် မတ်လ ၂၁ ရက်မှ စတင်၍ ၃ ရက်တာ ကာလကို ၀မ်းနည်း ကြေကွဲခြင်း အထိမ်းအမှတ် အဖြစ် ထုတ်ပြန် ကြေညာ ထားသည်။ ဘင်္ဂလားဒေ့ရှ် နိုင်ငံသည် ပါလီမန် ဒီမိုကရေစီ စနစ်ကို ကျင့်သုံးသည့် နိုင်ငံဖြစ်ပြီး ၀န်ကြီးချုပ်က အုပ်ချုပ်ရေး အာဏာကို ရယူ ချုပ်ကိုင် ထားသည့် အတွက်ကြောင့် သမ္မတ ရာမန်၏ ကွယ်လွန်မှု သည် အစိုးရ အဖွဲ့အပေါ် ထိခိုက် စေခြင်း မရှိကြောင်း သိရသည်။ ပါလီမန် ဥက္ကဋ္ဌ Abdul Hamid သည် ပါလီမန် က သမ္မတ သစ်ကို ရွေးချယ် ခန့်အပ်ပြီး သည်အထိ ခေတ္တ သမ္မတ အဖြစ် တာဝန်ယူ သွားမည် ဖြစ်ကြောင်း သမ္မတ ရုံးက ပြောကြား ခဲ့သည်ဟု သိရှိရသည်။

No comments:

Post a Comment