Pages

Tuesday, March 5, 2013

တရုတ်နိုင်ငံသည် ၄င်း၏ ကာကွယ်ရေး အသုံးစရိတ် မြင့်မားနေမှုနှင့်ပတ်သက်၍ ကာကွယ်ပြောကြားခဲ့


ပြောရေးဆိုခွင့်ရှိသူ Fu Ying ဦးဆောင်၍
သတင်းစာ ရှင်းလင်းပွဲ ပြုလုပ်စဉ်

၅-၃-၂၀၁၃

တရုတ်နိုင်ငံ၏ ကာကွယ်ရေး အသုံးစရိတ် မြင့်မားခြင်း ကြောင့် အမေရိကန် နှင့် တရုတ်နှင့် ပိုင်နက် နယ်မြေ အငြင်းပွား နေသော အာရှနိုင်ငံ များက စိုးရိမ် ပူပန်လျက် ရှိနေသော်လည်း တရုတ်နိုင်ငံသည် ၄င်း၏ ကာကွယ်ရေး အသုံးစရိတ်ကို တိုးမြှင့် သုံးစွဲခြင်းဖြင့် ကမ္ဘာတစ်ဝန်း ငြိမ်းချမ်းရေး နှင့် တည်ငြိမ်ရေး ကို ဆောင်ရွက်နိုင် ခဲ့ကြောင်း ပြောကြားလျက် ၄င်း၏ ကာကွယ်ရေး အသုံးစရိတ် မြင့်မားမှုကို မတ်လ ၄ ရက်နေ့တွင် ကာကွယ် ပြောကြား ခဲ့ကြောင်း NEWS now သတင်း တစ်ပုဒ် အရ သိရသည်။

သို့သော်လည်း နှစ်စဉ် ပြုလုပ်နေကျ ဥပဒေပြုရေး အစည်းအဝေး တစ်ရပ် ကျင်းပနေစဉ် မတ်လ ၄ ရက်နေ့တွင် ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ တစ်ရပ်တွင် ၂၀၁၃ ခုနှစ် ကာကွယ်ရေး အသုံးစရိတ် ပမာဏကို ထုတ်ဖော် ပြောကြားခဲ့ခြင်း မရှိဘဲ ပြောရေး ဆိုခွင့်ရှိသူ Fu Ying က မတ်လ ၅ ရက်နေ့တွင် ထုတ်ပြန် ကြေညာမည့် အစိုးရ အသုံးစရိတ်တွင် ကာကွယ်ရေး အသုံးစရိတ် ပါဝင်လိမ့်မည် ဖြစ်ကြောင်းသာ ပြောကြား ခဲ့သည်။ 

တရုတ်နိုင်ငံ ၏ ကာကွယ်ရေး အသုံစရိတ် သည် လွန်ခဲ့သော ဆယ်စုနှစ် ၂ စုကျော် ကာလအတွင်း တစ်နှစ်ထက် တစ်နှစ် ပိုမိုမြင့်မား လာခဲ့ကြောင်း ၊ ၂၀၁၂ ခုနှစ်တွင် ကာကွယ်ရေး အသုံးစရိတ် ၁၁ ဒသမ ၂ ရာခိုင်နှုန်း တိုးမြှင့်ပြီး အမေရိကန် ဒေါ်လာ ၁၀၆ ဒသမ ၄ ဘီလီယံ သုံးစွဲခဲ့ကြောင်း သိရသည်။ အဆိုပါ အစည်းအဝေး ၏ အဓိက လုပ်ငန်း တာဝန်များတွင် အသုံးစရိတ် အတည်ပြုရေး လုပ်ငန်း ကဏ္ဍ ပါဝင်ကြောင်း နှင့် ယခု အစည်းအဝေး တွင် ကာကွယ်ရေး ၀န်ကြီး ကဲ့သို့သော အစိုးရ အဖွဲ့၏ ထိပ်တန်း ခေါင်းဆောင်သစ် များကို ခန့်အပ်ရေး အတည်ပြု ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment