Pages

Wednesday, March 13, 2013

အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီ ကော်မတီက ခြေတုလက်တု အခမဲ့တပ်ဆင်ပေးမည်


ရန်ကုန် ၊ ၁၃-၃-၂၀၁၃

ကျန်းမာရေး ၀န်ကြီးဌာန လက်အောက်ရှိ အမျိုးသား ပြန်လည် သန်စွမ်းရေး ဆေးရုံနှင့် အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီ ကော်မတီတို့ ပြန်လည် ပူးပေါင်း၍ ခြေတုလက်တု တပ်ဆင်ရန် လိုအပ်သူ များကို ယခုလမှ စတင်ကာ အခမဲ့ တပ်ဆင် ပေးမည် ဖြစ်ကြောင်း သိရသည်။ အပြည်ပြည် ဆိုင်ရာ ကြက်ခြေနီ ကော်မတီ အနေဖြင့် အမျိုးသား ပြန်လည် သန်စွမ်းရေး ဆေးရုံနှင့် ခြေတုလက်တု တပ်ဆင်ရေး လုပ်ငန်းများကို ၁၉၈၆ ခုနှစ်မှ ၂၀၀၇ ခုနှစ်အထိ ပူးပေါင်း ဆောင်ရွက် ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။

ယင်းနောက် ၂၀၀၇ ခုနှစ် နောက်ပိုင်းတွင် အကြောင်း အမျိုးမျိုးကြောင့် ပူးပေါင်း ဆောင်ရွက်မှုများ ရပ်ဆိုင်း သွားခဲ့ပြီး ၂၀၁၁ ခုနှစ် နှစ်ကုန်ပိုင်း မှ စတင်ကာ ပြန်လည် ပူးပေါင်း ဆောင်ရွက်ရန် ဆွေးနွေးမှုများ ပြုလုပ် ခဲ့သည်။ ယခုလမှ စတင်ကာ ခြေတုလက်တု လုပ်ငန်းများ အတွက် ကုန်ကြမ်း ပစ္စည်း များကို ပြန်လည် ပံ့ပိုး ပေးသွားမည် ဖြစ်ကြောင်း သိရှိရသည်။

၂၀၀၇ ခုနှစ် နောက်ပိုင်းတွင် ခြေတု တစ်ချောင်းကို ကျပ် ၂၀၀၀၀ ကောက်ခံကာ တပ်ဆင် ပေးခဲ့ကြောင်း ၊ အလှူရှင်များ ရှိလာသည့် အတွက် တစ်နှစ်ခန့်သာ ကောက်ခံ ဆောင်ရွက် ပေးခဲ့ကြောင်း ၊ ဆေးရုံသည် ခုတင် ၅၀ ဆံ့ ဖြစ်၍ ခြေတု လက်တု တပ်ဆင်ရန် ခုတင် ၂၄ လုံးခန့် ထားပေးကြောင်း ၊ လူနာ ၂၄ ဦး ပြည့်နေပါက ခေတ္တ စောင့်ရလေ့ ရှိကြောင်း အမျိုးသား ပြန်လည် သန်စွမ်းရေး ဆေးရုံမှ သိရသည်။ ခြေတုလက်တု လာရောက် တပ်ဆင်သော လူနာများ အနက် ထိခိုက် ဒဏ်ရာကြောင့် ခြေလက် ဖြတ်တောက် လိုက်ရပြီး တင်ဆင် ရသူမှာ အများဆုံး ဖြစ်ကာ ဆီးချို ၊ သွေးချို ရောဂါ နှင့် မြေမြှုပ်မိုင်း နင်းမိ၍ အစားထိုး တပ်ဆင် ရမှုများမှာ အသင့်အတင့် သာရှိကြောင်း သိရှိရသည်။

No comments:

Post a Comment