Pages

▼

Thursday, March 14, 2013

ထိုင်းရေတပ် တပ်ဖွဲ့ဝင်များက ဘင်္ဂါလီ ဒုက္ခသည် ၂ ဦးကို ပစ်ခတ်သတ်ဖြတ် ခဲ့သည်ဟုဆို



၁၄-၃-၂၀၁၃

ထိုင်းရေတပ် တပ်ဖွဲ့ဝင် များသည် ဘင်္ဂါလီ ဒုက္ခသည် အနည်းဆုံး ၂ ဦးကို ပစ်ခတ် သတ်ဖြတ် ခဲ့ကြောင်း နယူးယောက် အခြေစိုက် လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့က မတ်လ ၁၃ ရက်နေ့တွင် စွပ်စွဲ ပြောကြား ခဲ့ကြောင်း နှင့် အဆိုပါ ဖြစ်စဉ်ကို စုံစမ်း စစ်ဆေး သွားရန် အဆိုပါ လူ့အခွင့်အရေး အဖွဲ့က တောင်းဆို ခဲ့ကြောင်း ဘန်ကောက်ပို့စ် သတင်း တစ်ပုဒ်အရ သိရသည်။

ထိုင်းရေတပ် တပ်ဖွဲ့ဝင် များသည် လွန်ခဲ့သော ဖေဖော်ဝါရီ ၂၂ ရက်နေ့က နိုင်ငံအတွင်းသို့ တိမ်းရှောင် လာသည့် ဘင်္ဂါလီ ဒုက္ခသည် များအား ဖန်ငပြည်နယ် အတွင်းရှိ ပင်လယ်ပြင် သို့ ပြန်လည် စေလွှတ် ခဲ့ကြောင်းနှင့် လှေပေါ်မှ ခုန်ချ၍ ကမ်းခြေသို့ ပြန်လည် ကူးခတ်ရန် ကြိုးပမ်းနေသည့် ဘင်္ဂါလီ ဒုက္ခသည် အနည်းဆုံး ၂ ဦး သတ်ဖြတ် ခံခဲ့ရကြောင်း အဆိုပါ လူ့အခွင့်အရေး အဖွဲ့က ပြောကြား ခဲ့သည်။  မြန်မာနိုင်ငံဘက်မှ တိမ်းရှောင် လာသည့် ဘင်္ဂါလီ တို့အား အကာအကွယ် ပေးသင့်ကြောင်း ၊ ထိုကဲ့သို့ မပစ်ခတ် သင့်ကြောင်း ၊ မည်သူတို့က ပစ်ခတ် ခဲ့သည်ကို သိရှိနိုင်ရန် အမြန်ဆုံး စုံစမ်း စစ်ဆေး သွားသင့်ကြောင်း နှင့် တာဝန်ရှိသူ တို့ကို ဖော်ထုတ်၍ အရေးယူ သွားသင့်ကြောင်း လူ့အခွင့်အရေး စောင့်ကြည့်ရေး အဖွဲ့မှ အာရှဒေသ ရေးရာ ညွှန်ကြားရေးမှူး Brad Adams က ပြောကြား ခဲ့သည်။

ထိုင်းအစိုးရသည် လူသားချင်း စာနာ ထောက်ထားရေး ဟူသော အချက်ဖြင့် ဘင်္ဂါလီတို့အား စောင့်ရှောက် သွားရန် အတွက် မူဝါဒ ချမှတ်ထားကြောင်း ၊ ထို့ကြောင့် ၄င်းတို့အား ပြန်မလွှတ် သင့်ကြောင်း နှင့် ဘင်္ဂါလီ တို့ သေဆုံးမှု ဖြစ်စဉ်အတွက် စုံစမ်း စစ်ဆေး သွားမည် ဖြစ်ကြောင်း ထိုင်းဝန်ကြီးချုပ် ယင်လပ်က ပြောကြား ခဲ့သည်ဟု သိရှိရသည်။

No comments:

Post a Comment