Pages

Saturday, March 30, 2013

အလေးထား ပြုပြင်ဖို့ သူတို့စကား


ရန်ကုန် ၊ ၃၀-၃-၂၀၁၃

စည်းကမ်းမဲ့ဆိုင်ကယ်များ အရေးယူ ပေးစေလို



ရန်ကုန်တိုင်း ဒေသကြီး ၊ ယာဉ်စည်းကမ်း ထိန်းသိမ်းရေး ကော်မတီ မှ ဆိုင်ကယ်များကို နေ့စဉ်လိုလို ဖမ်းဆီ အရေးယူလျက် ရှိပြီး တာဝန်ရှိ သူများအား ဆိုက်ကယ် စီးနင်းလျှင် သတ်မှတ် စည်းကမ်း နှင့်အညီ ဆိုင်ကယ်စီးရန် အမိန့် ထုတ်ပြန် ထားသော်လည်း တစ်ချို့မှာ စည်းကမ်းမဲ့စွာ ဖြင့် ဆိုင်ကယ် စီးနေသည်ကို တွေ့မြင် ရပြီး တစ်ချို့မှာ တာဝန် မရှိဘဲ ဆိုင်ကယ်ကို စည်းကမ်းမဲ့စွာ စီးနင်း နေသည်ကို ပုံတွင် မြင်တွေ့ ရသည့်အတိုင်း တွေ့မြင် ရပါသဖြင့် ထုတ်ပြန် ထားသော စည်းကမ်း များကို လိုက်နာခြင်း မရှိဘဲ ဆိုင်ကယ် စီးနင်းနေသူ မျာအား သက်ဆိုင်ရာမှ ထိရောက်စွာ အရေးယူ သင့်ကြောင့် တာဝန်သိ ပြည်သူများ မှ ပြောကြား နေကြကြောင်း သိရှိရသည်။

ယာဉ်ထိန်းရဲ မရှိသော မီးပွိုင့်ရုံကလေး



ရန်ကုန်တိုင်း ဒေသကြီး ၊ ရန်ကုန် အနောက်ပိုင်း ခရိုင် ၊ အလုံမြို့နယ် ၊ လွတ်လပ်ရေး ရပ်ကွက် ၊ ကွင်းကျောင်းလမ်း နှင့် ကမ်းနားလမ်း ဆုံရှိ မီးပွိုင့်တွင် ရှိသော ယာဉ်ထိန်းရဲ နေရန် ဆောက်လုပ် ထားသော မီးပွိုင့်ရုံတွင် ကွပ်ကဲရန် ယာဉ်ထိန်းရဲက မရှိသဖြင့် ၀ါမလျော့ ၊ နီမရပ် သောကားများသည် မီးနီသော်လည်း မိမိ စိတ်တိုင်းကျ မောင်းနှင် နေသည်ကို တွေ့မြင် နေရပါ သဖြင့် ကြည့်မြင်တိုင် ဘဏ်ခွဲတွင် ပင်စင် လာထုတ်သော သက်ကြီး ရွယ်အို များသည် ထိုမီးပွိုင့်မှာပင် အန္တရာယ်ကို သတိထားပြီး လမ်းကူး နေကြရကြောင်း နှင့် ယာဉ်အန္တရာယ် ဖြစ်ပွားနိုင်ကြောင်း ပြောကြား နေကြကြောင်း သိရှိရသည်။

No comments:

Post a Comment