Pages

Tuesday, March 19, 2013

တရုတ်နိုင်ငံသည် ကမ္ဘာ့ပဉ္စမမြောက် လက်နက် အများဆုံး တင်ပို့ရောင်းချသည့် နိုင်ငံဖြစ်လာ



၁၉-၃-၂၀၁၃

တရုတ်နိုင်ငံသည် ကမ္ဘာ့စစ်လက် ပစ္စည်းများ တင်ပို့ ရောင်းချမှု၏ ၅ ရာခိုင်နှုန်းဖြင့် ဗြိတိန် နိုင်ငံကို ကျော်တက်ကာ ကမ္ဘာ့ ပဉ္စမမြောက် လက်နက် အများဆုံး တင်ပို့ ရောင်းချသည့် နိုင်ငံ ဖြစ်လာခဲ့ကြောင်း ဆွီဒင် နိုင်ငံရှိ Stockholm နိုင်ငံတကာ ငြိမ်းချမ်းရေး ဆိုင်ရာ သုတေသန အဖွဲ့က ထုတ်ဖော် ပြောကြား ခဲ့သည်ဟု မတ်လ ၁၈ ရက်နေ့ထုတ် ဘန်ကောက်ပို့စ် သတင်း တစ်ပုဒ်အရ သိရသည်။

တရုတ်နိုင်ငံသည် ၂၀၀၈ - ၂၀၁၂ ခုနှစ်အတွင်း လက်နက် တင်ပို့ ရောင်းချမှု ပမာဏမှာ လွန်ခဲ့သော ၅ နှစ်တာ ကာလနှင့် နှိုင်းယှဉ်ပါက ၁၆၂ ရာခိုင်နှုန်း အထိ တိုးတက် လာခဲ့ကြောင်း နှင့် ၅၅ ရာခိုင်နှုန်း မှာ ပါကစ္စတန် သို့ ရောင်းချ ခဲ့ခြင်းဖြစ်ကြောင်း ၊ တရုတ် နိုင်ငံ အနေဖြင့် ထိုသို့ လက်နက်တင်ပို့ ရောင်းချမှု အဆင့်မြင့်မား လာခြင်းမှာ အဓိက အားဖြင့် ပါကစ္စတန် နိုင်ငံက တရုတ်ထံမှ စစ်လက်နက် ပစ္စည်း အများအပြား ၀ယ်ယူ ခဲ့ခြင်းကြောင့် ဖြစ်ကြောင်း အဆိုပါ ဌာနမှ သုတေသန ဆိုင်ရာ ညွှန်ကြားရေးမှူး Paul Holton က ပြောကြား ခဲ့သည်။

မြန်မာ ၊ ဘင်္ဂလားဒေ့ရှ် နှင့် ဗင်နီဇွဲလား နိုင်ငံ တို့သည်လည်း တရုတ်နိုင်ငံ ထံမှ စစ်လက် ပစ္စည်းများကို ၀ယ်ယူခဲ့ကြောင်း သိရသည်။ ၂၀၀၈ - ၂၀၁၂ ခုနှစ်အတွင်း ကမ္ဘာတစ်ဝန်း စစ်လက်နက် ပစ္စည်း ကုန်သွယ်မှု ပမာဏမှာ လွန်ခဲ့သော ၅ နှစ်တာ ကာလနှင့် နှိုင်းယှဉ်ပါက ၁၇ ရာခိုင်နှုန်း အထိ တိုးတက် လာခဲ့ကြောင်း ၊ အမေရိကန် နိုင်ငံသည် ကမ္ဘာ့ စစ်လက်နက် ပစ္စည်း ရောင်းချမှု၏ ၃၀ ရာခိုင်နှုန်း ဖြင့် ပထမ နေရာတွင် လည်းကောင်း ၊ ရုရှား နိုင်ငံသည် ၂၆ ရာခိုင်နှုန်းဖြင့် ဒုတိယ နေရာတွင် လည်းကောင်း ၊ ၄င်းတို့ နောက်တွင် ဂျာမဏီ နှင့် ပြင်သစ် နိုင်ငံ တို့သည်လည်း လည်းကောင်း အသီးသီး ရပ်တည်လျက် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment