Pages

Sunday, March 17, 2013

မူးယစ်ဆေးဖြတ်ပြီးသူများ ဘ၀ရပ်တည်နိုင်ရေး သင်တန်းများဖွင့်လှစ်


မန္တလေး ၊ ၁၇-၃-၂၀၁၃

မြန်မာနိုင်ငံ မူးယစ်ဆေးဝါး တားဆီး ကာကွယ်ရေး ဗဟိုအဖွဲ့ ( CCDAC ) လူမှုဝန်ထမ်း ဦးစီးဌာန ၊ မန္တလေး ပြန်လည် ထူထောင်ရေး စခန်းနှင့် Treatent II Project ( UNODC ) တို့မှ ပူးပေါင်း၍ မူးယစ်ဆေး ဖြတ်ပြီး သူများအား ဘ၀ ရပ်တည် နိုင်ရေး ရည်ရွယ်၍ ဖွင့်လှစ်သော မော်တော် ဆိုင်ကယ် ပြုပြင်ရေး နှင့် လေထိုး ကျွတ်ဖာ သင်တန်း ဖွင့်ပွဲအား မန္တလေးမြို့ ၊ အောင်မြေသာစံ မြို့နယ် ၊ မြောက်ပြင်ရှိ လူငယ် သင်တန်းကျောင်း ၌ မတ်လ ၁၅ ရက်နေ့ နံနက် ၉ နာရီ အချိန်က ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ မန္တလေးတိုင်း ဒေသကြီး ၊ လူမှု ၀န်ထမ်း ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးသာထွန်း မှ အဖွင့် အမှာစကား ပြောကြား ရာတွင် မူးယစ်ဆေးဝါး သုံးစွဲမိလျှင် ထပ်ခါ တလဲလဲ ပြန်လည် သုံးစွဲလိုသော ဆန္ဒကို ဖြစ်ပေါ် စေသော ဆေးဖြစ်၍ မူးယစ်ဆေးဝါး ဖြတ်ပြီး သူများအား အလုပ်ပေး ကုထုံး အဖြစ် ဖွင့်လှစ်ခြင်း ဖြစ်ကြောင်း ၊ မူးယစ်ဆေး ဖြတ်ပြီးသော လူငယ်များ ပတ်ဝန်းကျင်တွင် တည်တည် တန့်တန့် ဘ၀ ရပ်တည်နိုင်ရေး ၊ မိသားစု ၀င်ငွေ ရရှိရေး အတွက် အဓိက အခြေခံ ထားပြီး အသက်မွေး ၀မ်းကြောင်း ပညာ သင်ကြား ပေးခြင်း ဖြစ်ကြောင်း ၊ သင်တန်း ဆင်းပြီး သူများကိုလည်း မန္တလေး ပြန်လည် ထူထောင်ရေး စခန်းတွင် အခြေတည်ပြီး ဆိုင်ကယ် ပြုပြင်ရေး နှင့် လေထိုး ကျွတ်ဖာ လုပ်ငန်းတို့ကို ဆက်လက် ဆောင်ရွက် စေမျာ ဖြစ်ကြောင်း တို့ကို ရှင်းလင်း ပြောကြား ခဲ့ပြီး Treatent II Project မှ တာဝန်ခံ ဆရာဝန်ကြီး ဒေါက်တာ သွင်ကျော်ကျော် မှ သင်တန်း ဖွင့်လှစ် ရခြင်း ရည်ရွယ်ချက် အား ရှင်းလင်း ခဲ့သည်။

အဆိုပါ သင်တန်း ဖွင့်ပွဲသို့ မန္တလေးတိုင်း ဒေသကြီး လူမှုဝန်ထမ်း ဦးစီးဌာန ဒုတိယ ညွှန်ကြားရေးမှူး ဦးသာထွန်း ၊ အထက် မြန်မာပြည် ခုခံအားကျ ကာလသား ရောဂါ တိုက်ဖျက်ရေး ဆရာဝန်ကြီး ဒေါက်တာ ကျော်စိုး ၊ တိုင်းဒေသကြီး စေတနာ့ ၀န်ထမ်း မူးယစ် ကြီးကြပ်ရေးမှူး အသင်းဥက္ကဋ္ဌ ဦးကျော်မင်း နှင့် အဖွဲ့ဝင်များ ၊ လူငယ် သင်တန်းကျောင်း ကျောင်းအုပ်ကြီး ဦးကျော်သူနိုင် နှင့် ဆရာ- ဆရာမများ ၊ ဖိတ်ကြား ထားသူများ နှင့် သင်တန်းသားများ တက်ရောက် ကြပြီး သင်တန်းကာလမှာ မတ်လ ၁၅ ရက်နေ့မှ ဧပြီလ ၄ ရက်နေ့ အထိ ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment