Pages

Wednesday, March 27, 2013

ကမ္ဘာလှည့်ခရီးသည် များအတွက် လည်ပတ်သွားလာနိုင်မည့် နေရာသစ်များ ပေါ်ထွက်လာမည်



ရန်ကုန် ၊ ၂၇-၃-၂၀၁၃

မြန်မာနိုင်ငံတွင် ကမ္ဘာလှည့် ခရီးသွားများ လာရောက် လည်ပတ်မှု တိုးတက် နေသည့် အတွက် လက်ရှိ လည်ပတ်နိုင်သည့် နေရာများ အပြင် ထပ်မံ၍ နယ်ပယ်သစ် များကို ချဲ့ထွင် သတ်မှတ် သွားရန် အစီအစဉ် ရှိကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အသင်းချုပ် နှင့် ဧည့်လမ်းညွှန် များထံမှ သိရသည်။

မြန်မာနိုင်ငံတွင် ကမ္ဘာလှည့် ခရီးသွားများ လည်ပတ် သွားလာ နိုင်သည့် နေရာပေါင်း ၂၀၀ ကျော်ရှိ နေပြီး ထပ်မံ၍ လည်ပတ် အပန်းဖြေ နိုင်မည့် နေရာသစ် များကိုလည်း ရှာဖွေ ဖော်ထုတ် သွားနိုင်မည့် အချိန်အခါ ကောင်း ဖြစ်သည်ဟုလည်း ၀ါရင့် ဧည့်လမ်းညွှန် များက ဆိုပါသည်။ ယခင်က အကြောင်း အမျိုးမျိုးကြောင့် နိုင်ငံခြား ခရီးသွား များ သွားရောက် လည်ပတ်ရန် ကန့်သတ် ထားသည့် ကယားပြည်နယ် ၊ ရှမ်းပြည်နယ် (တောင်ပိုင်း) နှင့် ရခိုင်ပြည်နယ် မြောက်ဦး များကဲ့သို့ နေရာများကို ခွင့်ပြု ပေးလိုက်ပြီ ဖြစ်သည့်အပြင် ထပ်မံ သွားရောက် နိုင်မည့် နေရာများ ကိုလည်း ထပ်မံ တိုးချဲ့ နိုင်ရန် စီစဉ် နေကြောင်း မြန်မာနိုင်ငံ ခရီးသွား လုပ်ငန်း အဖွဲ့ချုပ်မှ တာဝန်ရှိသူ တစ်ဦးက ပြောကြား ခဲ့သည်။

ထပ်မံ တိုးချဲ့မည့် နေရာများတွင် ကယားပြည်နယ် လွိုင်ကော်မြို့ ပတ်ဝန်းကျင် ဒေသများ ၊ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ အနီးရှိ မင်းပြင် ကမ်းခြေနှင့် ရှမ်းပြည်နယ် (တောင်ပိုင်း) ကျိုင်းတောင်း မြို့ရှိ ကျိုင်းတောင်း ရေတံခွန် လည်း ပါဝင်မည် ဟု သိရှိရသည်။

No comments:

Post a Comment