Pages

Monday, March 11, 2013

စစ်ကိုင်းတိုင်း ထေရ၀ါဒ ဗုဒ္ဓဘာသာ သာသနာနုဂ္ဂဟ အသင်း " ယဉ်ကျေးလိမ္မာ ဆရာဖြစ်သင်တန်း " ဖွင့်လှစ်



မုံရွာ ၊ ၁၁-၃-၂၀၁၃

မြန်မာနိုင်ငံ နယ်စပ် နှင့် တောင်တန်း ဒေသ ၊ စစ်ကိုင်းတိုင်း ထေရ၀ါဒ ဗုဒ္ဓဘာသာ သာသနာနုဂ္ဂဟ အသင်းမှ ကြီးမှူး ဖွင့်လှစ်သည့် " ယဉ်ကျေးလိမ္မာ ဆရာဖြစ်သင်တန်း " ဖွင့်လှစ်ပွဲ အခမ်းအနား ကို မတ်လ ၁၀ ရက်နေ့ နံနက် ၈ နာရီခွဲ အချိန်က မုံရွာမြို့ ၊ လယ်တီရပ်ကွက် ၊ စန်းမြသီတာ သာသနာ့ ရိပ်သာရှိ စန်းမြသီတာ ဓမ္မာရုံ၌ ကျင်းပ ပြုလုပ်ရာ စန်းမြသီတာ သာသနာ့ ရိပ်သာ နာယက ဆရာတော် နှင့် စစ်ကိုင်းတိုင်း ဒေသကြီး သာသနာ့ နုဂ္ဂဟ အသင်းဥက္ကဋ္ဌ ဦးမျိုးမြင့် ၊ တိုင်းဒေသကြီး သာသနာရေး ဦးစီးဌာန ၊ ဒုတိယ ညွှန်ကြားရေးမှူး ဦးမြင့်စိန် ၊ မုံရွာမြို့နယ် စာရေးဆရာ အသင်း ဥက္ကဋ္ဌ ဦးဖေသန်း ၊ ဖိတ်ကြား ထားသူများ ၊ သင်တန်း နည်းပြ ဆရာများ နှင့် သင်တန်းသားများ တက်ရောက် ကြကြောင်းသိရသည်။



အခမ်းအနား တွင် စန်းမြသီတာ သာသနာ့ ရိပ်သာ နာယက ဆရာတော် မဟာ ကမ္မဌာန စရိယ ဘဒ္ဒန္တ  နိပုဏက သြ၀ါဒ ချီးမြှင့်ပြီး တိုင်း သာသနာ့ နုဂ္ဂဟ အသင်းဥ္ကဋ္ဌ ဦးမျိုးမြင့်က အဖွင့် အမှာစကား ပြောကြား သည်။ ယင်းနောက် တိုင်း သာသနာ့ နုဂ္ဂဟ အသင်း အတွင်းရေးမှူး ဦးစိန်မြင့် မှ သင်တန်း ဖွင့်လှစ် ရခြင်း ရည်ရွယ်ချက် အား ရှင်းလင်း ပြောကြားပြီး နောက် ရှင်သာမဏေ ဓမ္မ ဗိမာန် သာသနာ့ ၀န်ဆောင်အဖွဲ့ သင်တန်းမှူး ဒေါ်အေးအေး က သင်ကြားရေး ပုံစံများအား ရှင်းလင်း တင်ပြ၍ အခမ်းအနား ကို ရုပ်သိမ်းကာ သင်ခန်းစာ များအား စာတွေ့ လက်တွေ့ ပို့ချခဲ့ကြောင်း သိရှိရသည်။ အဆိုပါ " ယဉ်ကျေးလိမ္မာ ဆရာဖြစ်သင်တန်း " တွင် စစ်ကိုင်းတိုင်း ဒေသကြီး အတွင်းရှိ အခြေခံ ပညာကျောင်း များမှ ဆရာမ ၆၈ ဦး တက်ရောက် ကြ၍ မတ်လ ၁၀ ရက်နေ့မှ ၁၃ ရက်နေ့အထိ သင်ကြား သွားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment