Pages

Saturday, February 16, 2013

သစ်သီးဝလံ အခြေခံ စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်း ဖွင့်လှစ်မည်

မန္တလေး ၊ ၁၆-၂-၂၀၁၃

သမ၀ါယမ ၀န်ကြီးဌာန ၊ အသေးစား စက်မှုလက်မှု လုပ်ငန်း ဦးစီးဌာန (မန္တလေး) ရုံးခွဲက သစ်သီးဝလံ အခြေခံ စားသောက်ကုန် ထုတ်လုပ်မှု နည်းပညာ သင်တန်းကို ဖေဖော်ဝါရီ ၂၈ ရက်နေ့မှ မတ်လ ၆ ရက်နေ့အထိ နေ့စဉ် နံနက် ၉ နာရီမှ ညနေ ၄ နာရီခွဲ အထိ ဖွင့်လှစ် သင်ကြား ပို့ချ ပေးမည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ သင်တန်းတွင် သဘာဝ သစ်သီး ဖျော်ရည်မျိုးစုံ ၊ သစ်သီးယို အမျိုးမျိုး ၊ သစ်သီး ဂျယ်လီ ၊ သစ်သီးဝိုင် ၊ ဆော့စ် အချဉ်ရည် ၊ ပဲနို့ရည် နှင့် ပြောင်းဖူး နို့ရည် ထုတ်လုပ်နည်း တို့အပြင် အစားအသောက် သုံးဓာတု ဆေးဝါးများ အကြောင်းနှင့် သတ်မှတ် အချိုးအစား တို့ကို စနစ်တကျ ပိုင်ပိုင် နိုင်နိုင် သင်ကြား ပို့ချ ပေးမည် ဖြစ်ပြီး သင်တန်းဆင်း အောင်လက်မှတ်ပါ တစ်ပါတည်း ပေးအပ် ချီးမြှင့်မည် ဖြစ်ကြောင်း နှင့် ဆက်သွယ် စာရင်းပေး တက်ရောက် သင်ကြား လိုပါက အသေးစား စက်မှုလက်မှု လုပ်ငန်း ဦးစီးဌာန (မန္တလေး) ရုံးခွဲ ၈၂ လမ်းနှင့် ၂၅ လမ်းထောင့် ၊ ချမ်းအေး သာစံမြို့နယ် ၊ မန္တလေးမြို့ ၊ ဖုန်း ၀၂- ၃၉၆၀၉ ၊ ၀၉- ၂၀၀၀ ၇၃၀ သို့ ဆက်သွယ် နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment