Pages

Monday, February 25, 2013

ဂျပန်နိုင်ငံတွင် အမေရိကန် နိုင်ငံ၏ လေကြောင်းရန် ကြိုတင် သတိပေးရေဒါစနစ် တပ်ဆင်ရန် စီစဉ်လျက်ရှိခြင်း



၂၅-၂-၂၀၁၃

မြောက်ကိုရီးယား နိုင်ငံ၏ ဒုံးပျံဖြင့် ခြိမ်းခြောက် လာနိုင်မှုကို ဟန့်တား နိုင်ရေး တိုးမြှင့် လုပ်ဆောင်သည့် အနေဖြင့် ဂျပန်နိုင်ငံ ကျိုတိုမြို့ အနီးရှိ ကမ်းရိုးတန်း အခြေစိုက် စခန်း တစ်ခုတွင် အမေရိကန် လေကြောင်းရန် ကြိုတင် သတိပေး ရေဒါစနစ် တစ်ရပ် တပ်ဆင် သွားရန် ဂျပန် နှင့် အမေရိကန် နိုင်ငံတို့က စီစဉ်လျက် ရှိကြောင်း ဖေဖော်ဝါရီ ၂၄ ရက်နေ့ AFP သတင်းတစ်ရပ် အရ သိရှိရသည်။

အဆိုပါ X-Band ရေဒါ စနစ်သည် ပဲ့ထိန်း ဒုံးပျံများကို ခြေရာခံ နိုင်စွမ်းရှိပြီး ရန်သူ၏ ပဲ့ထိန်း ဒုံးပျံကို ရှာဖွေ တွေ့ရှိသည်နှင့် တစ်ပြိုင်နက် မြေပြင် ၊ ရေပြင် တို့မှတစ်ဆင့် ဒုံးခွင်းဒုံး ဖြင့် တိုက်ခိုက် ဖျက်ဆီးခွင့် ရရှိ စေမည် ဖြစ်ကြောင်း သိရသည်။ ဂျပန်နိုင်ငံ မြောက်ပိုင်းရှိ Aomori စီရင်စုတွင် အဆိုပါ ရေဒါစနစ် တစ်ရပ် တပ်ဆင် ခဲ့ပြီးနောက် ယခု တပ်ဆင်ရန် စီစဉ်မှုသည် ဒုတိယမြောက် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ရေဒါ စနစ်အား ဂျပန် ပင်လယ် ကမ်းရိုးတန်း အနီး ကျိုတိုမြို့ အနောက် မြောက်ပိုင်း Kyotango ဒေသရှိ ဂျပန် ကိုယ်ပိုင် ကာကွယ်ရေး လေတပ်ဖွဲ့၏ အခြေစိုက် စခန်းတွင် တပ်ဆင် သွားမည် ဖြစ်ကြောင်း ကျိုဒို သတင်းဌာနက ပြောကြား ခဲ့သည်။



ဂူအမ်ကျွန်း (သို့မဟုတ်) ဟာဝိုင်အီကျွန်းသို့ ပစ်မှတ်ထား၍ ပစ်ခတ် လာနိုင်သော မြောက်ကိုရီးယား နိုင်ငံ၏ ဒုံးပျံများသည် ဂျပန်နိုင်ငံ အလယ်ပိုင်း ၊ သို့မဟုတ် အနောက်ပိုင်း ဒေသများ အပေါ်မှ ဖြတ်သန်း သွားနိုင်သည့် အတွက် အဆိုပါ အခြေစိုက် စခန်း နေရာအား ရွေးချယ်ခြင်း ဖြစ်နိုင်ကြောင်း ကျိုဒို သတင်းဌာန က ပြောကြား ခဲ့သည်။ အဆိုပါ ရေဒါစနစ် တပ်ဆင်မှု နှင့် ပတ်သက်၍ အတူတကွ ပူးပေါင်း ဆောင်ရွက် သွားမည်ဟု ဂျပန် ၀န်ကြီးချုပ် ရှင်ဇိုအာဘေး နှင့် အမေရိကန် သမ္မတ အိုဘားမား တို့က ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် တွေ့ဆုံ ဆွေးနွေးစဉ် အတည်ပြု ပြောကြား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment