Pages

Friday, February 15, 2013

အင်ဒိုနီးရှား အောက်လွှတ်တော်သည် ၂၀၁၃ ခုနှစ်တွင် စစ်ဘက် အဆင့်မြှင့်တင်ရေး အသုံးစရိတ် အတည်ပြုပေးခဲ့


Leopard Tank
၁၅-၂-၂၀၁၃

အင်ဒိုနီးရှား အောက်လွှတ်တော် သည် စစ်လက်နက် ပစ္စည်းများ ခေတ်မီ စေရေး နှင့် တိုးမြှင့်ရေး ရည်မှန်းလျက် ၂၀၁၃ ခုနှစ်တွင် နိုင်ငံရှိ စစ်လက်နက် ပစ္စည်းများ အဆင့်မြှင့် တင်ရေး အသုံးစရိတ် အဖြစ် အမေရိကန် ဒေါ်လာ ၁ ဒသမ ၅၆ ဘီလီယံ အတည်ပြု ပေးခဲ့ကြောင်း ကြည်းတပ် ဦးစီးချုပ် ဗိုလ်ချုပ်ကြီး Pramono Edhie Wibowo က ဖေဖော်ဝါရီ ၁၃ ရက်နေ့တွင် ပြောကြား ခဲ့သည်ဟု ဆင်ဟွာ သတင်း တစ်ပုဒ် အရ သိရသည်။

အဆိုပါ အသုံးစရိတ်ကို ၂၀၁၃ ခုနှစ် တွင် စစ်လက်နက် ပစ္စည်းများ ၀ယ်ယူရေး နှင့် သက်တမ်းရင့် စစ်လက်နက် ပစ္စည်းများကို ခေတ်မီ စစ်လက်နက် ပစ္စည်း များဖြင့် အစားထိုး အသုံးပြုရေး တို့အတွက် အတည်ပြု ပေးခဲ့ခြင်း ဖြစ်ကြောင်း ၊ စစ်ဘက် အနေဖြင့် 412 အမျိုးအစား ရဟတ်ယာဉ် ၂၄ စင်း ၊ Leopard တင့်ကားများ ၊ အမြောက် များနှင့် ၁၀၀ ကီလိုမီတာ အထိ ပစ်ခတ်နိုင်သော ဒုံးကျည်များ ၀ယ်ယူ သွားမည် ဖြစ်ကြောင်း နှင့် Black Hawk အမျိုးအစား ရဟတ်ယာဉ်သစ် ၂၀ စင်း ၀ယ်ယူရေး အတွက် ဆွေးနွေးမှုများ ပြုလုပ်နေမှု မှာ တိုးတက်မှုများ ရရှိနေပြီ ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး Pramono က ပြောကြား ခဲ့သည်။


Black Hawk

စစ်ဘက် အနေဖြင့် လုပ်ထုံး လုပ်နည်း စည်းမျဉ်း ဥပဒေ နှင့်အညီ စစ်လက်နက် ပစ္စည်း ထုတ်လုပ်သည့် နိုင်ငံများထံမှ စစ်လက်နက် ပစ္စည်းများကို တိုက်ရိုက် ၀ယ်ယူ သွားမည် ဖြစ်ကြောင်း နှင့် အဆိုပါ စစ်လက်နက် ပစ္စည်း များကို ခေတ်မီ လက်နက် ပစ္စည်းများ လိုအပ်လျက် ရှိသော ဒေသ အသီးသီးသို့ ပေးပို့ ဖြန့်ကျက် သွားမည် ဖြစ်ကြောင်းလည်း ၄င်းက ပြောကြား ခဲ့သည်။ အင်ဒိုနီးရှား နိုင်ငံသည် ၂၀၁၃ ခုနှစ် အတွက် ကာကွယ်ရေး အသုံးစရိတ်ကို အမေရိကန် ဒေါ်လာ ၈ ဘီလီယံ အထိ တိုးမြှင့် ခဲ့ကြောင်း နှင့် ၂၀၁၂ နှစ်က ပမာဏထက် ၆ ဒသမ ၆ ရာခိုင်နှုန်း ပိုမို များပြား ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment