Pages

Monday, February 11, 2013

မြန်မာနိုင်ငံ နယ်စပ် ၀င်ပေါက်များမှ ဆိုက်ရောက် ဗီဇာ ထုတ်ပေးမှု အစီအစဉ် မြန်မာ - ထိုင်း နယ်စပ်မြို့များတွင် မတ်လတွင် စတင်မည်

တာချီလိတ် ၊ ၁၁-၂-၂၀၁၃

မြန်မာနိုင်ငံ နယ်စပ် ၀င်ပေါက် များမှ ဆိုက်ရောက် ဗီဇာ ထုတ်ပေးမည့် အစီအစဉ် အရ မြန်မာ -ထိုင်း နယ်စပ် မြို့များတွင် ဆိုက်ရောက် ဗီဇာ ထုတ်ပေးခြင်း ကို လာမည့် မတ်လ အတွင်း စတင်မည် ဖြစ်ကြောင်း လူဝင်မှု ကြီးကြပ်ရေး နှင့် ပြည်သူ့ အင်အား ၀န်ကြီးဌာနမှ သိရသည်။

ယင်းအစီအစဉ် အရ မြန်မာ - ထိုင်း နယ်စပ်တွင် ဆိုက်ရောက် ဗီဇာ ထုတ်ပေးခြင်း အစီအစဉ် ကို လာမည့် မတ်လ ၁ ရက်နေ့တွင် ကရင်ပြည်နယ် မြ၀တီမြို့ တွင် စတင်မည် ဖြစ်ပြီး ယင်းနောက် ပိုင်းတွင် ဆိုက်ရောက် ဗီဇာ ထုတ်ပေး ခြင်းကို ရှမ်းပြည်နယ် အရှေ့ပိုင်း ရှိ တာချီလိတ် မြို့တွင် ပြုလုပ် ပေးသွားမည် ဖြစ်ကြောင်း မြန်မာ - ထိုင်း ချစ်ကြည်ရေး တံတား အမှတ်(၁) ရှိ လူဝင်မှု ကြီးကြပ်ရေး စခန်းမှ သိရသည်။

" ဆိုက်ရောက် ဗီဇာ ထုတ်ပေးတဲ့ လုပ်ငန်းကို တာချီလိတ် နယ်စပ် ၀င်ပေါက် ကနေ မကြာမီ အချိန်အတွင်း ထုတ်ပေး နိုင်တော့မှာ ဖြစ်ပါတယ် ၊ ဒီကို လာကြတဲ့ နိုင်ငံသား မဟုတ်တဲ့ ကမ္ဘာလှည့် ခရီးသည် တော်တော် များများက ထိုင်းနိုင်ငံက ၀င်လာ ပြီးတော့ မြန်မာနိုင်ငံ အတွင်းပိုင်းထိ ၀င်ရောက် လည်ပတ် ပြီးမှ သင့်တော်တဲ့ ထွက်ပေါက် ကနေ ပြန်ထွက် သွားလို ကြတဲ့ တောင်းဆိုမှု တွေ ရှိပါတယ် ၊ လက်ရှိ အခြေအနေ အရတော့ မလုပ်ပေး နိုင်သေး ပါဘူး ၊ မကြာခင် ဆောင်ရွက် ပေးနိုင်တော့ မှာ ဖြစ်ပါတယ် ၊ လက်ရှိ တာချီလိတ် ၀င်ပေါက်ရဲ့ အနေအထား ကတော့ ပြီးခဲ့တဲ့ ဇန်န၀ါရီ လကုန်အထိ မြန်မာဘက်က အထွက်ဟာ ယခင် ကာလများထက် ပိုများနေတာ တွေ့ရပါတယ် ... ၊ ယခင် ကာလ တွေကတော့ နေ့စဉ် မြန်မာဘက်က ထိုင်းဘက် အထွက်ဟာ လူဦးရေ ၃၅၀၀ နဲ့ ၄၀၀၀ ကြားလောက်ပဲ ရှိပါတယ် ၊ အခု က ပိုများ လာပါတယ် ၊ နေ့စဉ် ၄၀၀၀ ကနေ ၅၀၀၀ ၀န်းကျင်လောက် တက်လာ ပါတယ် ၊ ထိုင်းဘက်က အ၀င်ကတော့ ပုံမှန် ပါပဲ ၊ ထိုင်း နိုင်ငံသား အ၀င် ကလည်း နေ့စဉ် ၂၀၀၀ နဲ့ ၃၀၀၀ ကြား လောက်ပဲ ရှိပါတယ် ၊ အခြား ကမ္ဘာလှည့် ခရီးသည် အ၀င်လည်း ပုံမှန် ၂၀၀ လောက်ပါပဲ ၊ ဒီအထဲမှာ အီးပီ ယူပြီးတော့ ၁၄ ရက် နေထိုင်မဲ့ ခရီးသည် တွေလည်း ပါဝင်ပါတယ် ၊ ကျွန်တော် တို့ဆီက ဆိုက်ရောက် ဗီဇာ ပေးနိုင်ပြီ ဆိုရင်တော့ နိုင်ငံခြားသား နေ့စဉ် အ၀င်လည်း တက်လာ လိမ့်မယ်လို့ ထင်ပါတယ် ၊ အခု တောင်းဆိုမှု တွေ ရှိပေမယ့် ကျွန်တော်တို့ ဘက်က အဆင်သင့် မဖြစ်သေးတဲ့ သဘော ဖြစ်ပါတယ် ... " ဟု မြန်မာ - ထိုင်း ချစ်ကြည့်ရေး တံတား အမှတ်(၁) ရှိ လူဝင်မှု ကြီးကြပ်ရေး စခန်းမှ လူဝင်မှု ကြီးကြပ်ရေး ဦးစီး အရာရှိ ဦးမိုးဇက် က ပြောပြခဲ့သည်။

လက်ရှိတွင် တာချီလိတ် ၀င်ပေါက်မှ တာချီလိတ် မြို့အထိ ယာယီ ၀င်ထွက်ခွင့် နှင့် တာချီလိတ် မှ မိုင်းဖြတ် ၊ မိုင်းတုံ ၊ မိုင်းလား အထိ အီးပီ ဖြင့် ၁၄ ရက် ခရီး ခွင့်ပြု ပေးထားကြောင်း သိရှိရသည်။

No comments:

Post a Comment