Pages

Monday, February 18, 2013

ၾသစေၾတးလ် အစုိးရ ပညာသင္ဆု အတွက် မြန်မာ နိုင်ငံသား ၄၀ ကျော်ခေါ်ယူမည်



ရန်ကုန် ၊ ၁၈-၂-၂၀၁၃

၂၀၁၄ ပညာသင်နှစ် တွင် Australia Award Scholarship ပညာသင်ဆု အတွက် မြန်မာ နိုင်ငံသား ၄၀ ကျော် ခေါ်ယူမည် ဖြစ်ကြောင်း Aus AID က ထုတ်ပြန် ထားကြောင်း သိရသည်။ Australia Award Scholarship ( ယခင် Australian Development Scholarship ) နှင့်အတူ Australian Leadership Award Scholarship ကိုလည်း တစ်ပြိုင်နက် ခေါ်ယူ ထားကာ ပညာသင်ဆု လျှောက်လွှာ များကို မြန်မာ နိုင်ငံရှိ သြစတြေးလျ သံရုံးတွင် လာရောက် ဖြည့်စွက် နိုင်ပြီး လာမည့် ဧပြီ ၃၀ ရက်နေ့ နောက်ဆုံးထား တင်သွင်း ရမည် ဖြစ်ကြောင်း သိရသည်။

ပညာသင်ဆု များအနက် Australian Award Scholarship သည် သြစတြေးလျ နိုင်ငံတွင် ဘွဲ့ကြိုတန်း နှင့် ဂုဏ်ထူးတန်း တက်ရောက် မည့် သူတို့ အတွက်ဖြစ်ကာ Australian Leadership Award Scholarship သည် ကမ္ဘာတစ်ဝန်းရှီ ထူးချွန်သော ကျောင်းသား ၂၀၀ ကျော်ကို ခေါင်းဆောင်မှု စွမ်းရည် ဆိုင်ရာများ သင်ကြား ပေးသော သင်တန်းဖြစ်ပြီး လျှောက်ထား လိုသူ များသည် IELTS 5 နှင့် TOEFL 500 ရှိရန် လိုအပ်ကြောင်း သိရသည်။ အသေးစိတ် သိရှိလိုပါက www.ausaid.gov.au/australia-awards တွင် ၀င်ရောက် ကြည့်ရှုနိုင်ပြီး ရန်ကုန်မြို့ ကမ်းနားလမ်း ရှိ သြစတြေးလျ သံရုံး ဖုန်း ၀၁- ၂၅၁ ၈၁၀ လိုင်းခွဲ ၂၁၂ သို့ ဆက်သွယ် စုံစမ်း နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment