Pages

Friday, February 8, 2013

ကျောင်းဆောင်သစ် ပေးအပ်ပွဲနှင့် ပညာရည်ချွန်ဆု ပေးပွဲကျင်းပ



မန္တလေး ၊ ၈-၂-၂၀၁၃

စစ်ကိုင်းတိုင်း ဒေသကြီး ၊ ကောလင်း မြို့နယ် ၊ သီးကုန်း ကျေးရွာတွင် အခြေခံ ပညာ မူလတန်းလွန် ကျောင်းဆောင် ၊ ခရေဆောင်ကို နိုင်ငံတော် ပံ့ပိုးငွေ ကျပ်သိန်း ၇၀ ၊ မိဘ ပြည်သူ ပါဝင်ငွေ ကျပ် ၄၅ သိန်း နှင့် သဇင်ဆောင် ကို နိုင်ငံတော် ပံ့ပိုးငွေ ကျပ် ၇၂ သိန်း ၊ မိဘ ပြည်သူ ပါဝင်ငွေ ကျပ် ၁၁၃ သိန်း ကုန်ကျသော ကျောင်းဆောင်သစ် ၂ ဆောင် ပေးအပ်ပွဲကို ကျင်းပရာ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သန်းဦး ၊ ဦးတင်မြင့် နှင့် မြို့နယ် ပညာရေးမှူး ဒေါ်လှရွှေ တို့မှ ဖဲကြိုးဖြတ် ဖွင့်လှစ် ပေးကြကြောင်း သိရသည်။

အခမ်းအနားကို တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် များနှင့် မြို့နယ် ပညာရေးမှူး တို့မှ အမှာစကား ပြောကြားကြပြီး မူလတန်းလွန် ကျောင်းအုပ်ကြီး ဦးတင်ဝင်းက ကျောင်းဆောင် ပြင်ဆင် ဆောက်လုပ်ခြင်း နှင့် ပတ်သက်၍ ရှင်းလင်း ပြောကြားကာ စာရင်းဇယား အချက်အလက် များကို ပညာရေး ဌာနသို့ ပေးအပ်ရာ မြို့နယ် ပညာရေးမှူး ဒေါ်လှရွှေမှ လက်ခံ ရယူသည်။ ထို့နောက် ၂၀၁၁-၂၀၁၂ ပညာသင်နှစ် ပညာရည်ချွန်ဆုပေးပွဲ အခမ်းအနား ကို ဆက်လက် ကျင်းပရာ ကျေးရွာ အုပ်ချုပ်ရေးမှူး ၊ ရပ်မိရပ်ဖ ၊ ကျောင်း အကျိုးတော်ဆောင် ၊ ကျောင်းသူ ကျောင်းသား ၂၀၅ ဦး ၊ လက်ထောက် ပညာရေးမှူး ၊ အထက ၊ အလက ၊ အမက ကျောင်းခွဲမှ ကျောင်းအုပ် ဆရာ - ဆရာမကြီးများ ချောင်းနား တိုက်နယ် ၊ တောင်ကြား ကျေးရွာ ကျန်းမာရေး ဌာနမှ တာဝန် ရှိသူများ ပြည်သူ အင်အား ၈၀၀ ကျော် တက်ရောက် ခဲ့ကြကြောင်း သိရှိရသည်။

No comments:

Post a Comment