Pages

Tuesday, February 5, 2013

အကြိမ်(၂၀)မြောက် မြန်မာ့တပ်မတော် ဆေးပညာရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ကျင်းပမည်


ရန်ကုန် ၊ ၅-၂-၂၀၁၃

အကြိမ်(၂၀)မြောက် မြန်မာ့တပ်မတော် ဆေးပညာ ရပ်ဆိုင်ရာ နှီးနှောဖလှယ်ပွဲ ကို တပ်မတော် အရိုးရောဂါကု ဆေးရုံကြီး (ခုတင် -၅၀၀) ၊ မင်္ဂလာဒုံ ၊ ဆင်ဖြူရှင် ခန်းမ ၌ လာမည့် ဖေဖော်ဝါရီ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့ အထိ (၃) ရက်ကြာ ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆေးပညာရပ် ဆိုင်ရာ နှီးနှော ဖလှယ်ပွဲတွင် သုတေသန စာတမ်း (၅၂)စောင် ၊ သုတေသန လုပ်ဆောင်ချက် ပိုစတာ (၉)စောင် ၊ Major Symposium (၃)ခု ၊ Mini Symposium (၃)ခု ၊ Special Talk (၁)ခု ၊ Clinicopathological Conference (၁)ခု ၊ Clinical Session (၁) တို့ကို ပြည်တွင်း ၊ ပြည်ပမှ သုတေသီများ ၊ ကျန်းမာရေး ၀န်ကြီးဌာန မှ သုတေသီ များနှင့် ဆေးဝန်ထမ်း တပ်ဖွဲ့မှ ပါရဂူ ၊ ဆေးမှူး ၊ သူနာပြု များက ဖတ်ကြား တင်သွင်း ဆွေးနွေး ကြမည် ဖြစ်သည်။

ဆေးပညာရပ် ဆိုင်ရာ နှီးနှော ဖလှယ်ပွဲသို့ တက်ရောက် လိုပါက တပ်မတော် ဆေးတက္ကသိုလ် (ဖုန်း ၀၃၁- ၃၅၀၆၂) ၊ အမှတ်(၁) တပ်မတော် ဆေးရုံကြီး (ခုတင် - ၁၀၀၀) (ဖုန်း ၀၃၁- ၃၅၂၄၇) ၊ အမှတ်(၂) တပ်မတော် ဆေးရုံ (ခုတင် - ၅၀၀) (ဖုန်း ၀၃၁- ၃၁၂၇၇) ၊ တပ်မတော် အရိုးရောဂါ အထူးကု ဆေးရုံကြီး (ခုတင် - ၅၀၀) (ဖုန်း ၀၃၁- ၃၅၂၇၀) တို့တွင် ဖေဖော်ဝါရီ ၈ ရက်နေ့မှ ၁၂ ရက်နေ့ အထိ မှတ်ပုံတင် ပေးသွင်း နိုင်ကြောင်း နှင့် ဆေးဝန်ထမ်း တပ်ဖွဲ့မှ ပါရဂူ ၊ ဆေးမှူးများ ၊ သူနာပြု အရာရှိများ ၊ သူနာပြုများ နှင့် ကျန်းမာရေး ၀န်ကြီး ဌာနမှ ဆရာဝန် များအပြင် စိတ်ပါ ၀င်စားသူ များလည်း တက်ရောက် နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment