Pages

Monday, February 18, 2013

ဖုန်းဘီလ်ဆောင်ရာတွင် အစိုးရအေးဂျင့်အတိုင်း ဆောင်ရွက်ပေးမည်

ရန်ကုန် ၊ ၁၈-၂-၂၀၁၃

အွန်လိုင်း ဖုန်းဘီလ် ပေးဆောင်ခြင်း များနှင့် ပတ်သက်သည့် ၀န်ဆောင်မှု များကို City Mart Super Market နှင့် Ocean Super Center တို့တွင် ပြုလုပ် နိုင်ပြီ ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖုန်းဘီလ် ပေးဆောင် ရာတွင် အစိုးရ အေးဂျင့် များ၏ နည်းစနစ် အတိုင်း ဆောင်ရွက် ပေးမည့်အပြင် မည်သည့် ဖုန်းလိုင်းမဆို စီးတီးမတ် များ၌ အခွန် ပေးဆောင် နိုင်ကြောင်း သိရသည်။

ရန်ကုန် ၊ မန္တလေး နှင့် အစိုးရ ဖုန်းများသာ ဘီလ် ပေးဆောင် နိုင်ပြီး အခြားမြို့ များမှ ဖုန်းများ အတွက် ဘီလ် ပေးဆောင်၍ မရခြင်း ၊ အခွန် ပေးဆောင် ရာတွင် မိမိဖုန်း နံပတ်ကို တိကျစွာ ရေးပေးခြင်း ၊ မြန်မာ့ ဆက်သွယ်ရေး မှ ဖော်ပြ ထားသော ဖုန်းသုံးစွဲခ ကျသင့်ငွေ မြန်မာငွေ နှင့် FEC ၀န်ဆောင်မ ကျပ် ၅၀၀ ကိုသာ ပေးဆောင် ရမည် ဖြစ်ကြောင်း သိရသည်။

City Mart Super Market နှင့် Ocean Super Center တို့တွင် ၂၀၁၁ ခုနှစ် ဒီဇင်ဘာလမှ စတင်ပြီး အဆိုပါ ၀န်ဆောင်မှုကို ပေးခဲ့ရာ ယခုအခါ တွင်လည်း စီးတီးမတ် များရှိ Customer Service Counter များတွင် အခွန်ငွေ ပေးဆောင် နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment