Pages

Tuesday, February 19, 2013

မြန်မာဆန်စက် နှင့် လယ်ယာထွက်ကုန် တန်ဖိုးမြှင့် စက်ကိရိယာ ပြပွဲကျင်းပမည်


ရန်ကုန် ၊ ၁၉-၂-၂၀၁၃

လာမည့် မတ်လ ၂ ရက်နေ့တွင် ကျရောက်သော တောင်သူ လယ်သမားနေ့ အထိမ်းအမှတ် အဖြစ် ကြိုဆို ဂုဏ်ပြုသည့် အနေဖြင့် မြန်မာ့ လယ်ယာ စီးပွား အများပိုင် ကော်ပိုရေးရှင်း မှ ကြီးမှူး ကျင်းပမည့် " မြန်မာ ဆန်စက် နှင့် လယ်ယာ ထွက်ကုန် တန်ဖိုးမြှင့် စက်ကိရိယာ ပြပွဲ ၂၀၁၃ " ကို မတ်လ ၂ ရက်နေ့ မှ ၅ ရက်နေ့ အထိ MCC ခန်းမ၌ ကျင်းပ ပြုလုပ် သွားမည် ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ် မှ တာဝန်ရှိသူ တစ်ဦး၏ ပြောကြားချက် အရ သိရသည်။

အဆိုပါ ပြပွဲတွင် ဆန်နှင့် ဆန် ထုတ်လုပ်သော စက်ကိရိယာ ပစ္စည်းများ ၊ ဆန်စက်များ အစရှိသော ဆန်နှင့် ပတ်သက်သော လယ်ယာ ထွက်ကုန် တန်ဖိုးမြှင့် ပစ္စည်းများကို ပြသ ရောင်းချ သွားမည် ဖြစ်ပြီး ပြပွဲတွင် ထိုင်း ၊ အိန္ဒိယ ၊ တရုတ် ၊ ဂျပန် နှင့် ဂျာမဏီ အစရှိသော နိုင်ငံများမှလည်း ပါဝင် ပြသနိုင်ရန် လာရောက် ကမ်းလှမ်းမှုများ ရှိနေကြောင်း သိရသည်။

ထို့ပြင် ပြပွဲတွင် စက်ကိရိယာ များကိုလည်း အရစ်ကျ ငွေပေးချေမှု စနစ်ဖြင့် ၀ယ်ယူ နိုင်ရန် စီစဉ် ဆောင်ရွက် လျက်ရှိပြီး လာရောက် ပြသလိုသော ပြည်တွင်း ကုမ္ပဏီများ အနေဖြင့် မြန်မာ့ လယ်ယာ စီးပွား အများပိုင် ကော်ပိုရေးရှင်း - MAPCO သို့ လာရောက် ဆက်သွယ် နိုင်ကြောင်း သိရှိရသည်။

No comments:

Post a Comment