Pages

Monday, February 4, 2013

မှုခင်းကျဆင်းရေး အသိပညာပေး ဟောပြောပွဲကျင်းပ



ကလော ၊ ၄-၂-၂၀၁၃

ရှမ်းပြည်နယ် (တောင်ပိုင်း) ကလောမြို့နယ် ၊ အောင်ပန်းမြို့ ၊ ပြည်သာယာ ကုန်စိမ်းဈေး ၌ ယမန်နေ့ မွန်းလွဲ ၃ နာရီ အချိန်တွင် မှုခင်း ကျဆင်းရေး အသိပညာပေး ဟောပြောပွဲ အခမ်းအနား ကျင်းပခဲ့ရာ အဆိုပါ အခမ်းအနား သို့ အောင်ပန်း ရဲစခန်းမှူး ရဲအုပ် အောင်မင်းဦး ၊ အောင်ပန်း နယ်ထိန်း တာဝန်ခံ ဒုတိယ ရဲအုပ် ညီညီထွန်း ၊ ဈေးအကျိုး တော်ဆောင် ကော်မတီ ဥက္ကဋ္ဌ နှင့် ကော်မတီ ၀င်များ ၊ ဈေးသူ ဈေးသားများ တက်ရောက် ကြကြောင်း သိရသည်။

အခမ်းအနား တွင် စခန်းမှူး မှ လတ်တလော ဖြစ်ပေါ်လျက် ရှိသော မှုခင်းများ အခြေအနေ နှင့် မသိ နားမလည်၍ ဥပဒေ နှင့် မကင်းသော ပြုမူ ဆောင်ရွက်မှု မျိုးများ မဖြစ်ပေါ် စေရန် အတွက် အသိပညာပေး ဟောပြော ခဲ့ပြီး ဈေးအကျိုး တော်ဆောင် ကော်မတီ ဥက္ကဋ္ဌ ဦးမိုးကျော် မှ မှုခင်း ရေးရာနှင့် ပတ်သက်၍ ဈေးသူ ဈေးသား များအနေဖြင့် မရှင်းလင်း သည့် ကိစ္စရပ် များ ၊ သိလိုသည့် ကိစ္စရပ် များအား ပွင့်ပွင့် လင်းလင်း မေးနိုင်ကြောင်း ရှင်းလင်း ပြောကြား ခဲ့သည်။

ဆက်လက်၍ တက်ရောက် လာကြသော ဈေးသူ ဈေးသား များမှ မှုခင်း ရေးရာများ နှင့် ပတ်သက်၍ သိလိုသည့် ကိစ္စရပ် များကို မေးမြန်းကြရာ စခန်းမှူး မှ အကျယ်တ၀င့် ပြန်လည် ရှင်းလင်း ဖြေကြား ခဲ့ကြောင်း သိရှိရသည်။


No comments:

Post a Comment