Pages

Tuesday, February 12, 2013

နည်းပညာတက္ကသိုလ် (မြစ်ကြီးနား) ဘွဲ့နှင်းသဘင် အခမ်းအနား ကျင်းပ



မြစ်ကြီးနား ၊ ၁၂-၂-၂၀၁၃

မြစ်ကြီးနား နည်းပညာ တက္ကသိုလ် ၏ ပဉ္စမ အကြိမ်မြောက် မဟာ အင်ဂျင်နီယာ ဘွဲ့နှင့် န၀မ အကြိမ်မြောက် အင်ဂျင်နီယာ ဘွဲ့နှင့် အင်ဂျင်နီယာ နည်းပညာ ဘွဲ့နှင်းသဘင် အခမ်းအနား ကို ဖေဖော်ဝါရီ ၁၀ ရက်နေ့ နံနက် ၈ နာရီ ၄၅ မိနစ် အချိန်မှ စတင်ပြီး အဆိုပါ နည်းပညာ တက္ကသိုလ် ဘွဲ့နှင်းသဘင် ခန်းမတွင် ပြုလုပ်ရာ နည်းပညာ တက္ကသိုလ် ကျောင်းအုပ်ကြီး အမှူးပြုသည့် စီမံခန့်ခွဲရေး အဖွဲ့နှင့် ပညာရေး အဖွဲ့ဝင် ပါမောက္ခ ဌာနမှူးများ ၊ ကထိက များက စင်မြင့်ထက်တွင် ရောက်ရှိ နေရာယူ ခဲ့ကြပြီး ဘွဲ့ယူသူ များနှင့် ဧည့်ပရိသတ် များက နိုင်ငံတော် သီချင်း တီးလုံးဖြင့် မတ်တပ်ရပ် ဂါရ၀ပြု ဖွင့်လှစ် ပေးခဲ့ပြီး ဘွဲ့ရယူမည့် သူများက ကျောင်းအုပ်ကြီး ထံ ကတိပြု ခဲ့ကြသည်။

ုထို့နောက် နည်းပညာ တက္ကသိုလ် (မြစ်ကြီးနား) ကျောင်းအုပ်ကြီး ဒေါက်တာ မြတ်သူ က မဟာ အင်ဂျင်နီယာ ဘွဲ့ ရရှိသူ ၅ ဦး ၊ အင်ဂျင်နီယာ ဘွဲ့ရ ၄၆ ဦး ၊ အင်ဂျင်နီယာ နည်းပညာ ဘွဲ့ရရှိသူ ၄၈ ဦးနှင့် အဝေးရောက်  မဟာ အင်ဂျင်နီယာ ဘွဲ့ရ ၅ ဦး ၊ အင်ဂျင်နီယာ ဘွဲ့ရ ၂၃ ဦး နှင့် အင်ဂျင်နီယာ နည်းပညာ ၇ ဦး တို့အား ဘွဲ့လက်မှတ် များ ချီးမြှင့် အပ်နှင်းခဲ့ပြီး နိဂုံးချုပ် သြ၀ါဒ အမှာစကား ပြောကြားကာ အခမ်းအနား ကို ရုပ်သိမ်း လိုက်ကြောင်း သိရှိရသည်။

No comments:

Post a Comment