Pages

Sunday, February 3, 2013

ဂျပန်ဘာသာစကား အခြေခံ ပြောနိုင်သူများ အလုပ်အကိုင် စီစဉ်ပေးမည်


ရန်ကုန် ၊ ၃-၂-၂၀၁၃

ဂျပန် ဘာသာ စကား အခြေခံ ပြောနိုင် သူတိုင်း ပြည်တွင်းရှိ ဂျပန် ကုမ္ပဏီ များအပြင် ဂျပန်နိုင်ငံ သို့ သွားရောက် အလုပ်လုပ် ကိုင်နိုင်ရန် ဆောင်ရွက် ပေးမည် ဖြစ်ကြောင်း Japan SAT Consulting Co., Ltd မှ သိရသည်။

ယင်းကဲ့သို့ ဆောင်ရွက် နိုင်ရန် အတွက် ဂျပန်နိုင်ငံ သုံး လုပ်ငန်းခွင်သုံး ဘာသာ စကား များကို ကျွမ်းကျင်စွာ ပြောဆို နိုင်ရန် လိုအပ်ကြောင်း သိရသည်။ လက်ရှိတွင် Japan SAT Consulting Co., Ltd မှ ပြည်ပ အလုပ်အကိုင် ရှာဖွေရေး လုပ်ငန်း လိုင်စင်ကို အလုပ်သမား ၀န်ကြီးဌာန တွင် လျှောက်ထား လျက်ရှိပြီး ခွင့်ပြုချက် ရရှိပါက ဂျပန်နိုင်ငံ ရှိ ကုမ္ပဏီ များကို မြန်မာ လုပ်သားများ သွားရောက် လုပ်ကိုင် နိုင်ရန် စီစဉ် ဆောင်ရွက် သွားမည် ဖြစ်ကြောင်း သိရသည်။

ယခု လက်ရှိ မြန်မာ နိုင်ငံတွင် ဂျပန်နိုင်ငံမှ လုပ်ငန်းရှင် များ လာရောက် ရင်းနှီး မြှုပ်နှံလျက် ရှိပြီး သီလ၀ါ အထူး စီးပွားရေးဇုန် ကို ဂျပန် နှင့် မြန်မာ နိုင်ငံတို့ ပူးပေါင်း အကောင် အထည်ဖော် နိုင်ရန် ဆောင်ရွက် လျက် ရှိကြောင်း သိရသည်။ လုပ်ငန်းခွင် သုံး ဂျပန် ဘာသာ စကားပြော သင်တန်း များအတွက် ရန်ကုန်မြို့ ၊ လမ်းမတော် မြို့နယ် ၊ ညောင်လေးပင် ပလာဇာ ရှိ Japan SAT General Services တွင် တက်ရောက် နိုင်ပြီး လုပ်ငန်းခွင် သုံး ဂျပန် ဘာသာ နှင့် ဂျပန်နိုင်ငံ တွင် တက္ကသိုလ် တက်ရောက် နိုင်ရန် အတွက် ဖေဖော်ဝါရီ လမှစတင် ဖွင့်လှစ် သင်ကြား ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment