Pages

Friday, February 22, 2013

အမေရိကန် ရေတပ်ဖွဲ့သည် ကာကွယ်ရေး အသုံးစရိတ် လျော့ချမှုကြောင် လေယာဉ်တင် သင်္ဘော ၄ စီးကို အနားပေး ရဖွယ်ရှိခြင်း


၂၂-၂-၂၀၁၃

အမေရိကန် ရေတပ်သည် ကာကွယ်ရေး အသုံးစရိတ် လျော့ချမှု အစီအစဉ် ကြောင့် လက်ရှိ အသုံးပြု နေသော လေယာဉ်တင် သင်္ဘောများ အနက် ၄ စီးကို အနားပေးရန် စီစဉ်လျက် ရှိကြောင်း ဖေဖော်ဝါရီ ၂၁ ရက်နေ့ NEWS now သတင်း တစ်ပုဒ် အရ သိရသည်။

အရှေ့အလယ်ပိုင်း ဒေသသို့ USS Harry Truman လေယာဉ်တင် သင်္ဘော ဖြန့်ကြက် ချထားမှုကို ရွှေ့ဆိုင်း ထားရကြောင်း ၊ နျူကလီးယား စွမ်းအင်သုံး USS Abrabam Lincoln ပြန်လည် ပြုပြင် မွမ်းမံမှုကို ရပ်တန့် ထားရကြောင်း နှင့် USS Theodore Roosevelt ပြန်လည် ပြုပြင်ရေး ကိုလည်း ရွှေ့ဆိုင်း ထားရလျက် ရှိကြောင်း အမေရိကန် ရေတပ်က အစောပိုင်းတွင် ထုတ်ပြန် ကြေညာ ခဲ့သည်။ အမေရိကန် ရေတပ်ဖွဲ့က ကွန်ကရက် သို့ တင်သွင်းခဲ့သော စာမျက်နှာ ၁၁ မျက်နှာပါ အစီရင်ခံစာ တွင် ရေတပ်ဖွဲ့သည် USS John C.Stennis , USS Dwight D Eisenhower, USS Ronald Reagan နှင့် USS Theodore Roosevelt လေယာဉ်တင် သင်္ဘော များကို အနားပေး သွားမည်ဟု ဖော်ပြ ခဲ့သည်။

၂၀၁၂ ခုနှစ် နိုဝင်ဘာလ တွင် USS Enterprise လေယာဉ်တင် သင်္ဘောကို အနားပေး ခဲ့သောကြောင့် လက်ရှိ အချိန်တွင် အမေရိကန် ရေတပ်၌ လေယာဉ်တင် သင်္ဘော ၁၀ စီးသာ ကျန်ရှိသည်။ နောက်ထပ် လေယာဉ်တင် သင်္ဘော ၄ စီးကို အနားပေး လိုက်မည် ဆိုပါက ရေတပ် အနေဖြင့် ပါရှန် ပင်လယ်ကွေ့ ကဲ့သို့သော အဓိက ဒေသများတွင် တိုက်လေယာဉ် များနှင့် စစ်သင်္ဘော အများအပြား ဖြန့်ကြက် နိုင်တော့မည် မဟုတ်ကြောင်း နှင့် လေယာဉ်တင် သင်္ဘော ဆိုင်ရာ လေယာဉ် အုပ် ၉ အုပ် အနက် ၄ အုပ်ကို လျော့ချ သွားရဖွယ် ရှိကြောင်း သိရှိရသည်။

No comments:

Post a Comment