Pages

Wednesday, February 13, 2013

ပြည်သူ့စစ်သင်တန်း (၂/၂၀၁၃)သင်တန်းဆင်းပွဲ ကျင်းပ



မြစ်ကြီးနား ၊ ၁၃-၂-၂၀၁၃

ကချင်ပြည်နယ် ၊ မြစ်ကြီးနား ခရိုင် ၊ ဆင်ဘို မြို့နယ်ခွဲ ၊ တာလောကြီး ကျေးရွာ တွင် (ဌာနေ) ပြည်သူ့စစ် သင်တန်း အမှတ်စဉ် (၂/၂၀၁၃) သင်တန်း ဆင်းပွဲကို ဖေဖော်ဝါရီ ၉ ရက်နေ့ နေ့လည် ၁၂ နာရီတွင် အဆိုပါ ကျေးရွာ ဘောလုံး အားကစား ပြိုင်ကွင်းတွင် ကျင်းပ ပြုလုပ်ရာ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် နယ်မြေခံ တပ်ရင်းမှူး နှင့် တပ်မတော် အရာရှိများ ၊ သင်တန်း နည်းပြများ ၊ ကျေးရွာ အုပ်ချုပ်ရေးမှူး နှင့် ဌာနဆိုင်ရာ တာဝန်ရှိ သူများ ၊ ဌာနေ ပြည်သူ့စစ် နာယက နှင့် ရပ်မိ ရပ်ဖများ ၊ သင်တန်းဆင်း ပြည်သူ့စစ် တပ်ဖွဲ့ဝင် ၃၉၂ ဦး နှင့် ဒေသခံ ပြည်သူများ ၊ ဖိတ်ကြား ထားသူများ တက်ရောက် ကြကြောင်း သိရသည်။

အဆိုပါ သင်တန်း ဆင်းပွဲတွင် နယ်မြေခံ တပ်ရင်းမှူး က သင်တန်းဆင်း မိန့်ခွန်း ပြောကြား ခဲ့ပြီး သင်တန်းတွင် ထူးချွန် သင်တန်းသား အဖြစ် စစ်ရေးပြဆု နှင့် လက်နက်ငယ် ပစ်ခတ်စဉ် ဆုရ တပ်ခွဲ နှင့် တပ်ဖွဲ့ဝင် များအား ဆုများ ချီးမြှင့် ပေးအပ်ခဲ့ပြီး အခမ်းအနား ကို ရုပ်သိမ်း ခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment