Pages

Tuesday, February 5, 2013

အာဖဂန်နစ္စတန်ရှိ ဗြိတိန်တပ်ဖွဲ့များသည် Black Hornet အသေးစား မောင်းသူမဲ့ ရဟတ်ယာဉ်များအား တပ်ဖြန့်ချထားခဲ့ခြင်း


Tiny Black Hornet Drone
၅-၂-၂၀၁၃

အာဖဂန် နစ္စတန်ရှိ ဗြိတိန် တပ်ဖွဲ့များသည် Black Hornet အသေးစား မောင်းသူမဲ့ ရဟတ်ယာဉ် များအား တပ်ဖြန့် ချထားခဲ့ကြောင်း ဗြိတိန် ကာကွယ်ရေး ၀န်ကြီးဌာနက ထုတ်ပြန် ကြေညာ ခဲ့သည်ဟု ဖေဖော်ဝါရီ ၄ ရက်နေ့ Newsnow သတင်းတစ်ပုဒ် အရ သိရသည်။

အဆိုပါ မောင်းသူမဲ့ ရဟတ်ယာဉ် သည် အလျား ၄ လက်မ ၊ အမြင့် ၁ လက်မ နှင့် အလေးချိန် ၁၆ ဂရမ်သာ ရှိကြောင်း နှင့် ဗီဒီယို ရိုက်ကူးမှု နှင့် ရုပ်ငြိမ် ဓာတ်ပုံများအား ၄င်းတွင် တပ်ဆင် ထားသည့် အသေးစား ကင်မရာဖြင့် ရိုက်ယူ၍ တပ်ဖွဲ့ဝင် များထံ သတင်း အချက်အလက် များပေးပို့ နိုင်ရန် ရည်ရွယ် ထုတ်လုပ် ထားခြင်း ဖြစ်ကြောင်း သိရသည်။ မြေပြင်ရှိ တပ်ဖွဲ့ဝင် များအနေဖြင့် အဆိုပါ ရဟတ်ယာဉ် မှ ရိုက်ကူး ထားသည့် စစ်မြေပြင် ၏ အတားအဆီး များ ၊ နံရံများ နှင့် ထောင့်ချိုးများ စသည့် ပုံရိပ်များကို မြင်နိုင်စွမ်း ရှိမည် ဖြစ်ကြောင်း နှင့် ၄င်း ရဟတ်ယာဉ် သည် သွားလာ လှုပ်ရှားရန် ခက်ခဲသည့် အခြေအနေ များနှင့် လေတိုက်နှုန်း များသည့် အခြေအနေ များတွင်လည်း ကောင်းမွန်စွာ ပျံသန်း ထောက်လှမ်း နိုင်စွမ်း ရှိကြောင်း သိရသည်။



ဗြိတိန် ကာကွယ်ရေး ၀န်ကြီးဌာန အနေဖြင့် ၄င်း ရဟတ်ယာဉ် များအား မူလ ထုတ်လုပ်သည့် ကန်ထရိုက် တာဖြစ်သော Marlborough Communications Ltd (MCL) နှင့် ပေါင်သန်း ၂၀ တန်ဖိုးရှိ အဆိုပါ ရဟတ်ယာဉ် အစင်း ၁၆၀ ၀ယ်ယူရေး ဆိုင်ရာ ကန်ထရိုက် သဘော တူညီချက်၏ တစ်စိတ် တစ်ပိုင်း အဖြစ် နော်ဝေ နိုင်ငံ အခြေစိုက် Prox Dynamics ကုမ္ပဏီ ထံမှ ၀ယ်ယူ ခဲ့ခြင်း ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment