Pages

Tuesday, January 29, 2013

ပါကစ္စတန်နိုင်ငံသည် P 3C Orion ပင်လယ်ပြင် ကင်းထောက်လေယာဉ် ၂စင်းအား ၂၀၁၃ ခုနှစ်အတွင်း အမေရိကန်ထံမှ လက်ခံရရန် မျှော်မှန်း



၂၉-၁-၂၀၁၃

ပါကစ္စတန် နိုင်ငံသည် ကျန်ရှိနေသော P 3C Orion ပင်လယ်ပြင် ကင်းထောက် လေယာဉ် ၂စင်းအား ၂၀၁၃ ခုနှစ် အတွင်းတွင် အမေရိကန် နိုင်ငံ ထံမှ လက်ခံ ရရှိရန် မျှော်မှန်း ထားကြောင်း အမေရိကန် နိုင်ငံဆိုင်ရာ ပါကစ္စတန် သံအမတ်ကြီး Sherry Rehman က အမေရိကန် အဆင့်မြင့် တာဝန်ရှိသူ များနှင့် တွေ့ဆုံ ဆွေးနွေးရာတွင် ပြောကြား ခဲ့သည်ဟု ဇန်န၀ါရီ ၂၈ ရက်နေ့ထုတ် ဆင်ဟွာ သတင်း တစ်ပုဒ် အရ သိရသည်။

ပါကစ္စတန် သံအမတ်ကြီး Sherry Rehman သည် နှစ်နိုင်ငံ အပြန်အလှန် ဆက်ဆံရေး များ ထိန်းသိမ်းရေး ကြိုးပမ်းမှု ၏ တစ်စိတ်တစ်ပိုင်း အားဖြင့် ထိုကဲ့သို့ တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။ ပါကစ္စတန် ဒုတိယ ရေတပ် ဦးစီးချုပ် ရေတပ် ဒုတိယ ဗိုလ်ချုပ်ကြီး Muhammad Shafique သည်လည်း မကြာသေးမီက အမေရိကန် နိုင်ငံသို့ အလည်အပတ် ရောက်ရှိခဲ့စဉ် နှစ်နိုင်ငံ ရေတပ်ဖွဲ့ များအကြား ဆက်လက် ပူးပေါင်း  ဆောင်ရွက်ရေး ကိစ္စရပ်များ နှင့် ပတ်သက်၍ ဆွေးနွေးခဲ့ပြီး P 3C Orion ကင်းထောက် လေယာဉ်များကို စောစီးစွာ လက်ခံ ရရှိရေး မျှော်မှန်း ထားကြောင်း ပြောကြားခဲ့သည်။

ပါကစ္စတန် နိုင်ငံသည် P 3C Orion ကင်းထောက် လေယာဉ် ၇ စင်း ၀ယ်ယူရေး အတွက် အမေရိကန် နိုင်ငံ၏ လော့ခ်ဟိဒ် မာတင် ကုမ္ပဏီ နှင့် ၂၀၀၆ ခုနှစ်က သဘောတူ လက်မှတ် ရေးထိုးခဲ့ရာ ၂၀၁၀ ခုနှစ်တွင် အဆိုပါ လေယာဉ် ၃ စင်း နှင့် ၂၀၁၁ ခုနှစ်တွင် ၂ စင်းအား လက်ခံ ရရှိခဲ့ပြီး ဖြစ်သည်။ ပါကစ္စတန် ရေတပ်ဖွဲ့သည် သက်တမ်းပြည့် နေပြီ ဖြစ်သော Fokker F27 -200 Friendship ပင်လယ်ပြင် ကင်းထောက် လေယာဉ် များကို အသုံးပြု နေရဆဲ ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment