Pages

Wednesday, January 23, 2013

KIA လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူများ ကျောက်မျက် ကုမ္ပဏီများအား အကြောင်းမဲ့ အကြမ်းဖက်




နေပြည်တော် ၊ ၂၂-၁-၂၀၁၃

၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၈ ရက်နေ့ ရက်စွဲဖြင့် ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော် သတင်း ထုတ်ပြန်ရေး အဖွဲ့မှ သတင်း ထုတ်ပြန်ချက် (၃/၂၀၁၃) ထုတ်ပြန် ပြီးနောက် KIA လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့ အနေဖြင့် စစ်ရေး နှင့် မသက်ဆိုင်သည့် ပစ်မှတ်များအား အကြောင်းမဲ့ (၅) ကြိမ်မြောက် တိုက်ခိုက်ခြင်း အဖြစ် ဇန်န၀ါရီလ ၂၀ ရက်နေ့ ညနေ ၆ နာရီ ၁၀ မိနစ်ခန့်တွင် ဖားကန့် မြို့နယ် ၊ အေးမြသာယာ အုပ်စု ၊ ဆိုင်းဂျာဘွမ် ကျေးရွာ အနီးရှိ နိုင်ငံတော် နှင့် အကျိုးတူ လုပ်ကိုင်လျက် ရှိသည့် မက်(စ်)မြန်မာ ကျောက်မျက် ကုမ္ပဏီအား KIA လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့သည် အရပ်ဝတ် များဖြင့် ရုတ်တရက် ရောက်ရှိလာပြီး အဆောက်အအုံအား မီးရှို့ ဖျက်ဆီးခဲ့ပြီး နောက် ၄င်းအဖွဲ့သည် ဇန်န၀ါရီလ ၂၁ ရက်နေ့ နံနက်ပိုင်းတွင် လည်း ကြိုင် ကျောက်မျက် ကုမ္ပဏီ၏ အဆောက်အအုံ များအား အကြောင်းမဲ့ ဆက်လက် မီးရှို့ ဖျက်ဆီး ခဲ့ကြောင်း သိရသည်။


 သတင်းကြားလျှင် ကြားချင်း အနီးဝန်းကျင်ရှိ တပ်မတော် စစ်ကြောင်းများက လိုက်လံ ရှင်းလင်းလျက် ရှိပြီး KIA အဖွဲ့၏ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဒေသ တည်ငြိမ်ရေး နှင့် တရားဥပဒေ စိုးမိုးရေး ကို များစွာ ထိခိုက်မှု ဖြစ်ပေါ် စေမှုအပေါ် ဒေသခံ ပြည်သူများမှ များစွာ စိတ်ပျက်လျက် ရှိကြောင်း နှင့် KIA လက်နက်ကိုင် အကြမ်းဖက် သောင်းကျန်းသူ အဖွဲ့အား အပြင်းအထန် ပြစ်တင် ရှုတ်ချလျက် ရှိကြောင်း သိရှိရသည်။


No comments:

Post a Comment