Pages

Wednesday, January 2, 2013

KANGZEN Music Concert ကျင်းပမည်

KANGZEN Music Concert ကျင်းပမည် ဇန်န၀ါရီ(၂)ရက်နေ့ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၆ ရက်နေ့တွင် ရန်ကုန်မြို့၊ မြို့မကျောင်းလမ်း ရှိ အမျိုးသားကဇာတ်ရုံ၌ KANGZEN Music Concert ကို ကျင်းပ ပြုလုပ်မည်ဖြစ်သည်။ အဆိုပါ ဖျော်ဖြေပွဲ တွင် တေးသံရှင် နီနီခင်ဇော်၊ ချစ်သုဝေ၊ ၀ိုင်းစုခိုင်သိန်း၊ အေသင်ချိုဆွေ၊ R ဇာနည်၊ ချမ်းချမ်း နှင့် အခြားသော တေးသံရှင် များ ပါဝင် ဖျော်ဖြေ မည် ဖြစ်သည်။ ယင်း ဖျော်ဖြေပွဲသို့ လာရောက် ကြည့်ရှုမည့် သူများသည် ၂၀၀၇ ထက် မော်ဒယ်လ်မြင့် ကားတစ်စီးနှင့် ဆင်းကတ်ပါ ဆမ်ဆောင်း ဖုန်း ၅ လုံး တို့ကို ကံစမ်းမဲ အစီအစဉ်ဖြင့် မဲဖောက် ပေးမည် ဖြစ်သည်။ ဖျော်ဖြေပွဲ မကျင်းပမီ အချိန်တွင် မော်ဒယ်လ်များ နှင့် အကအဖွဲ့ များ၏ ဖျော်ဖြေမှုများ၊ မျက်လှည့် အစီအစဉ်များ၊ မြန်မာ့ရိုးရာ ခြင်းခတ် ဖျော်ဖြေရေး အစီအစဉ်များ ပါဝင်မည် ဖြစ်ပြီး ဖျော်ဖြေပွဲကို KANGZEN Co., Ltd မှ ကျင်းပ ပြုလုပ်ခြင်း ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment