Pages

Tuesday, January 8, 2013

IRON CROSS တေးဂီတအဖွဲ့ ထိုင်းနိုင်ငံရောက် အလုပ်သမားများအား ဖျော်ဖြေမည်

IRON CROSS တေးဂီတအဖွဲ့ ထိုင်းနိုင်ငံရောက် အလုပ်သမားများအား ဖျော်ဖြေမည် ဇန်န၀ါရီ(၈)ရက်နေ့ IRON CROSS တေးဂီတအဖွဲ့မှ ပထမဆုံး အကြိမ်အဖြစ် ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်း မြန်မာ အလုပ်သမားများ အတွက် သွားရောက် ဖျော်ဖြေမည် ဖြစ်ကြောင်း သိရသည်။ အဆိုပါ ဖျော်ဖြေရေး ခရီးစဉ်ကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီလ ၁၃ ရက်နေ့တွင် သွားရောက် ဖျော်ဖြေမည် ဖြစ်ပြီး IRON CROSS တေးဂီတအဖွဲ့၏ ပင်တိုင် အဆိုတော်များ ဖြစ်သည့် လေးဖြူ၊ အငဲ၊ မျိုးကြီးနှင့် ၀ိုင်းဝိုင်းတို့က ဖျော်ဖြေမည် ဖြစ်ကြောင်း သိရသည်။ ယင်းဖျော်ဖြေပွဲကို ထိုင်းနိုင်ငံ၊ မဲဆောက်မြို့ရှိ ထေဲ့စပန်း ဘောလုံးကွင်း၌ ယင်းနေ့ ညနေ ၆ နာရီတွင် စတင် ဖျော်ဖြေမည် ဖြစ်ပြီး ကြိုတင် လက်မှတ်များကို မြ၀တီတံတား ထိပ်ရှိ ဖိုးထူး လက်ဖက်ရည်ဆိုင် နှင့် ထေဲ့စပန်း ရုံးရှေ့ရှိ ဟုန်လုံကုန်တိုက် ရှေ့တို့တွင် ၀ယ်ယူနိုင်ကာ လက်မှတ်များကို ဘတ် ၃၅၀ မှ ဘတ် ၅၀၀ အထိ သတ်မှတ် ထားကြောင်း သိရှိရသည်။

No comments:

Post a Comment