Pages

Tuesday, January 1, 2013

လားရှိုးမြို့ ဘာသာမရွေး နာရေး ကူညီမှု အသင်းကြီးမှ ဓမ္မပူဇာသဘင် ကျင်းပမည်

လားရှိုးမြို့ ဘာသာမရွေး နာရေး ကူညီမှု အသင်းကြီးမှ ဓမ္မပူဇာသဘင် ကျင်းပမည် ဇန်န၀ါရီ(၁)ရက်နေ့ ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့ ဘာသာမရွေး နာရေး ကူညီမှု အသင်းကြီး၏ (၆)နှစ် မြောက် နှစ်ပတ်လည် အထိမ်းအမှတ် ဓမ္မပူဇာ သဘင်ကို ၂၀၁၃ ခုနှစ် ဇန်န၀ါရီ ၂ ရက်မှ စတင်၍ ကျင်းပသွားမည် ဖြစ်ကြောင်း သိရှိရသည်။ အဆိုပါ ဓမ္မပူဇာသတင်ကို အရှင်သုခမိန္ဒ (စ၀်ဆုခမ်း) တက္ကသီလ မဟာ ဓမ္မာစရိယ၊ အရှင် ပညာဝံသ (ပုလဲဆရာတော်) ဓမကထိက ဗဟုဇန ဟိတ ဓရ ကမ္မဌာနာ စရိယ နယ်လှည့် ကထိက၊ အရှင် ဇောတ (အရာတော် ဆရာတော်) နယ်လှည့် ဓမ္မ ကထိက မဟာ သဒ္ဒမ္မ ဇောတိကဓဇ၊ သာသန ဓဗ ဓမ္မာစရိယ၊ အရှင် ရာဇိန္ဒ (အောင်မေတ္တာ ဆရာတော်) ဗဟုဇန ဟိတဓရ သာသန ဓဗ ဓမ္မာစရိယ ဆရာတော် များမှ ဓမ္မပူဇာသဘင် တွင် ဟောကြားမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment