Pages

Wednesday, January 9, 2013

အမေရိကန်တက္ကသိုလ်များနှင့် ကောလိပ်တွင် ဒီပလိုမာနှင့် ပညာရပ်အချို့ သင်ယူနိုင်

အမေရိကန်တက္ကသိုလ်များနှင့် ကောလိပ်တွင် ဒီပလိုမာနှင့် ပညာရပ်အချို့ သင်ယူနိုင် ဇန်န၀ါရီလ(၉)ရက်နေ့ အမေရိကန်ပြည်ထောင်စုရှိ တက္ကသိုလ်များနှင့် ချိတ်ဆက်ထားသော Herkimer country community collage တွင် IELTS, TOFFEL အမှတ် မရှိသော်လည်း ၀င်ခွင့် လျှောက်ထားသော ဒီပလိုမာ နှင့် ပညာရပ်အချို့ကို သင်ယူနိုင်မည် ဖြစ်ကြောင်း Crown Education မှ သိရသည်။ အဆိုပါ ကောလိပ်တွင် ကျောင်းဝင်ခွင့် လျှောက်ထားနိုင်ရန် အတွက် တက္ကသိုလ်ဝင်တန်း အောင်မြင်ထားရန် လိုအပ်ပြီး IELTS, TOFFEL တို့ ရရှိမထားသူများလည်း လျှောက်ထား နိုင်မည် ဖြစ်ကြောင်း၊ ကျောင်းဝင်ခွင့် လျှောက်လွှာ ခေါ်ယူချိန်များမှာ ဇန်န၀ါရီလနှင့် သြဂုတ်လ တို့ဖြစ်ပြီး Herkimer country community College တွင် စီးပွားရေး၊ အနုပညာ၊ အားကစား၊ ဖက်ရှင်၊ ဂီတ၊ မီဒီယာ၊ ဥပဒေ အစရှိသော ဘာသာရပ်များကို နှစ်နှစ်ကြာ တက်ရောက်နိုင်မည် ဖြစ်ပြီး Diploma နှင့် Associate in Arts Degree (AA) Associate in Science Degree (AS), Associate in Applied Science Degree (AAS) တို့ကို ရယူနိုင်မည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment