Pages

Tuesday, January 15, 2013

ရှမ်းကုန်းလမ်း (မြေနီကုန်း) မိသားစု ဓမ္မပူဇာတရားပွဲ ကျင်းပမည်



ရန်ကုန် ၊ ၁၅-၁-၂၀၁၃

ရန်ကုန်မြို့ ၊ စမ်းချောင်းမြို့နယ် ၊ မြေနီကုန်း ၊ ရှမ်းကုန်းလမ်း မိသားစု၏ ဒုတိယ အကြိမ် ဓမ္မပူဇာ တရားပွဲများကို ဒဂုံစင်တာ အနောက်ဘက် လမ်းရှိ ရှမ်းကုန်းလမ်း ၊ အမှတ်(၁၃) အဆောက်အအုံ ရှေ့တွင် ၃ ညတိုင်တိုင် ကျင်းပ ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။

အဆိုပါ တရားပွဲတွင် ဇန်န၀ါရီ ၂၅ ရက် (သောကြာနေ့) ည ၇ နာရီတွင် တွံတေး ဆရာတော် ဓမ္မကထိက ဗဟုဇန ဟိတဓရ အရှင် ဣန္ဒက ကလည်းကောင်း ၊ ဇန်န၀ါရီ ၂၇ ရက် (စနေနေ့) ည ၇ နာရီတွင် ဓမ္မဒူတ ဆရာတော် ဒေါက်တာ အရှင် ဆေကိန္ဒ ကလည်းကောင်း ၊ ဇန်န၀ါရီ ၂၇ ရက် (တနင်္ဂနွေနေ့) ည ၇ နာရီတွင် ပါမောက္ခချုပ် ဆရာတော် အဂ္ဂမဟာ ပဏ္ဍိတ အဂ္ဂမဟာ ဂန္တ၀ါစက ပဏ္ဍိတ ဒေါက်တာ အရှင် နန္ဒမာလာ ဘိဝံသ ကလည်းကောင်း နိဗ္ဗာန် ရောက်ကြောင်း တရားတော် မြတ်များကို ဟောကြား ချီးမြှင့် တော်မူမည် ဖြစ်ကြောင်း သိရှိရသည်။

No comments:

Post a Comment