ရန်ကုန် ၊ ၁၅-၁-၂၀၁၃
၂၀၁၃ ခုနှစ် ၊ ဇန်န၀ါရီ ၁၇ ရက်တွင်
စတင် ပြေးဆွဲမည့် ပြည်တွင်း လေကြောင်း လိုင်းသစ် တစ်ခုဖြစ်သည့် " ရွှေမြန်မာ
" လေကြောင်းလိုင်း မှ ရန်ကုန် - မန္တလေး ခရီးစဉ်ကို ဦးရာလူ အထူး လျော့ဈေးနှုန်း
ဖြင့် ပျံသန်း ပြေးဆွဲ ပေးမည် ဖြစ်ကြောင်း သိရသည်။
လေယာဉ် လက်မှတ်ကို Class အသီးသီး သတ်မှတ်
ရောင်းချ ပေးမည် ဖြစ်ပြီး အနိမ့်ဆုံး ကျပ် နှစ်သောင်း ခုနစ်ထောင် နှုန်းဖြင့် ခုံအရေအတွက်
သတ်မှတ်ထားကာ စတင် ရောင်းချ သွားမည် ဖြစ်ကြောင်း ၊ သတ်မှတ်ချက် ပြည့်သွားပါက ကျပ် သုံးသောင်းကျော်
၊ ကျပ်လေးသောင်း ကျော် ၊ ကျပ် ငါးသောင်းကျော် အထိ အသီးသီး သတ်မှတ် ရောင်းချ ပေးမည်
ဖြစ်ကြောင်း သိရသည်။ အဆိုပါ " ရွှေမြန်မာ " လေကြောင်း လိုင်း သည် ခရီးသည် ၁၈၀
ဦး လိုက်ပါ စီးနင်းနိုင်သည့် Air Bus အမျိုးအ စားဖြင့် ပြေးဆွဲမည် ဖြစ်ပြီး ရန်ကုန်
မှ မန္တလေး ၊ မန္တလေး မှ ရန်ကုန် သို့ နေ့စဉ် ပျံသန်းမည် ဖြစ်ကြောင်း သိရှိရသည်။
No comments:
Post a Comment